{ Part - 62 } ( ဇာတ်သိမ်းပိုင်း )" အဟမ်း သမီးလေး က မေမေ့ကို မဖက်ချင်ဘူး
ထင်တယ်... ရပါတယ် ဘာမှမဖြစ်ပါဘူး
သမီးလေး မလုပ်ချင်တာကို မေမေ မတောင်း
ဆိုတော့ပါဘူး "အပြောနဲ့အတူ အကုန်လုံးကို ကျောခိုင်းကာ
မေသွေးခြယ် ထွက်သွားဖို့ ပြင်လိုက်သည်။" မေမေ... .!!! "
နောက်ပါးဆီကနေ ကြားလိုက်ရသော အသံလေးကြောင့်
သား ခြေလှမ်းတွေက တုံ့သွားရသည်။သမီးလေး က သားကို အခုပဲ မေမေလို့ ခေါ်လိုက်တာ
လားဟင်.....ဒါမှမဟုတ် သား စိတ်ထင်ပြီး
ကြားလိုက်တာလား။" မေမေ ..!! "
သား ဇဝေဇဝါ ဖြစ်နေတုန်း ထပ်မံထွက်ပေါ်လာသော
အသံလေးကြောင့် လူက တုံ့ဆိုင်းမနေတော့ပါ။
ချက်ချင်း ပြေးသွားပြီး သမီးလေး ကို
ပွေ့ချီလိုက်မိသည်။" မေမေ့ကို မေမေလို့ ခေါ်လိုက်တာလား သမီးလေး...??
မေမေလို့ ခေါ်လိုက်တာလားဟင်... "မယုံရဲစွာနဲ့ သား ချီထားရင်း ထပ်မေးလိုက်တော့
သမီးလေးက ခေါင်းညိတ်လာသည်။" ဟုတ်တယ် ဖြူလုံး မေမေလို့ ခေါ်လိုက်တာ....
မေမေ ဒီနေ့ကစပြီး ဖြူလုံး တို့နဲ့
နေပေးသွားပါနော်.... အထူးသဖြင့် ဖေဖေ့ကို
ပျော်အောင်လုပ်ပေးပါ.... ဒါဆို မေမေ
ကို ဖြူလုံး အရမ်းချစ်တယ် "တောင်းဆိုတာမျိုးမဟုတ်ဘဲ ချော့ပြောနေသော
သမီးလေး ရဲ့ စကားတွေက သား ရင်ကို
ပျားသကာလောင်းထားသလိုပေ။" မေမေ ဒီနေ့ ကစပြီး သမီးလေး တို့နဲ့
အတူတူနေမယ်နော်.... သမီး ဖေဖေကိုလည်း
ပျော်အောင်လုပ်ပေးမယ်... ဒါတင်မကသေးဘူး
သမီးလေးကိုပါ မေမေ ပျော်အောင်လုပ်ပေးမယ်
ဒါဆို မေမေကို အများကြီး ချစ်ပေးနော် "" ဟုတ် မေမေ....ဖြူလုံး မေမေ့ကို အများကြီး
ချစ်ပေးမယ်.. ..အခုတောင် ဖြူလုံး မေမေ့ကို
ချစ်နေပြီ အဲ့ဒါသိရဲ့လား.. .?? "" တကယ်လား သမီးလေး ဒါဆို မေမေကို
ချစ်တယ်လို့ ပြောပါအုံး...!! မေမေ ကြားချင်လို့.. "
VOCÊ ESTÁ LENDO
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...