{ Part - 59 }" သားတို့ကို ခွင့်မလွှတ်ဘူးလားဟင် ဦးရံ....
ခုဏလေးကပဲ ဦးရံ ရယ်လိုက်တယ်လေ "" ဟုတ်တယ် ဖေဖေ.... ခုဏက ဖေဖေ ရယ်လိုက်
တယ်လေ.... ဒါတောင် ဖြူလုံးတို့ကို ခွင့်မလွှတ်
ဘူးပေါ့ "တစ်ယောက် တစ်ပေါက်နဲ့ မေးလာကြသော
မေသွေးခြယ် နဲ့ ဖြူလုံးလေး တို့ကို ခြံရံ သည် မသိကျိုးကျွန်ဆောင်ထားရင်း computer
ကိုသာ ဆက်လက်နှိပ်နေ၏ ။ခြံရံ ဆီက ဖြေသံမလာတော့ မေသွေးခြယ် နဲ့
ဖြူလုံးလေး သည် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်း မဲ့လိုက်ကြကာ
ကုတင်ပေါ် စိတ်ပျက်စွာ တက်သွားကြတော့သည်။ခြံရံ မျက်နှာကို မနည်းတည်ပြီး computer မှာ
အာရုံစိုက်ကာ လုပ်နေသော်လည်း သူ့ စိတ်က
ကုတင်ပေါ်က baby နဲ့ သမီးလေးဆီကိုပေ။နောက်ဆုံး ဟန်ဆောင်ဖို့အတွက် သူရဲ့ အာရုံကို
computer ထဲသာ ထားလိုက်တော့သည်။အရေးကြီးတဲ့ ဖိုင်တွေနဲ့ လိုအပ်တာတွေကို
ခြံရံ ပြန်လည်ပြင်ဆင်ရင်း computer
တစ်လုံးနဲ့ အလုပ်ရှူပ်လို့နေ၏ ။အဆုံးမှာ မေသွေးခြယ် နဲ့ ဖြူလုံးလေး ကို
ခြံရံ က သတိမရတော့ပါ။ အလုပ်ထဲ
နစ်ဝင်သွားခဲ့တော့သည်။နှစ်နာရီလောက် ကြာပြီးတဲ့နောက်မှာ
computer ကို ပိတ်လိုက်၍ ခြံရံ အညောင်းဆန့်
လိုက်သည်။ရုတ်တရက် မျက်လုံးက ကုတင်ပေါ်ကို လှမ်းကြည့်
တော့ သားမိနှစ်ယောက် ဖက်အိပ်နေတာကို
တွေ့လိုက်၍ သူ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားရသည်။ထိုင်နေရာကနေ ထလာကာ ကုတင်နားကို
ခြံရံ ရောက်ချလာပြီး ဖက်အိပ်နေတဲ့ သားမိ
နှစ်ယောက်ကိုယ်ပေါ်ကို စောင်ပါးပါးလေး ခြုံပေးလိုက်သည်။
air con ကလည်း အေးနေ၍ ခြံရံ ကောက်ပိတ်
ပစ်လိုက်သည်။သမီးလေး နဲ့ baby ချော့တုန်းက ခြံရံ အရမ်း
ရယ်ချင်ခဲ့သည်။ အဆုံးမှာ မထိန်းနိုင်တော့ဘဲ
သူ ရယ်မိသွားခဲ့သည်။ ဒါ့ကို သမီးလေး နဲ့ baby
က သူ ခွင့်လွှတ်တယ်ထင်ပြီး ထခုန်တော့
မျက်နှာကို ပြန်တည်ထားလိုက်သည်။ သူ့ 
မျက်နှာတည်ပစ်မှ သမီးလေး နဲ့ baby
က သူ ခွင့်မလွှတ်မှန်း သဘောပေါက်သွားကြသည်။
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...