{ Part - 55 }သား နဲ့ ဦးရံ ကို အပေါ်ထပ်မှာ နေခိုင်းပြီး
ကျန်တဲ့လူတွေကို Mom က အောက်ထပ်သွား
ခိုင်းလိုက်သည်။ သား သမီးလေး အပါအဝင်ပေ။
အခုလည်း Mom ပုံစံက သားကို စိတ်အတော်တို
နေ၏ ။" ပြောစမ်းပါ မီးငယ်လေး... မာမီ အပေါ်
မီးငယ်လေး ဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ...??
မာမီ က မီးငယ်လေး အမှန်အတိုင်း ပြောရင်
တောင် ခွင့်လွှတ်ပေးမယ့် သူပါ.. .
အခုတော့ လုပ်ရက်လိုက်တာ... ကိုးနှစ်တိတိ
သားဖြစ်သူကို မုန်းတီးနေရတယ်... "" တောင်းပန်ပါတယ် Mom.... သား
တောင်းပန်ပါတယ် "" တောင်းပန်တိုင်း ပြီးသွားမှာလား မီးငယ်လေး...
အခုတော့ ဘာမှ လုပ်လို့မရတော့ဘူး...
နင့်ကို ငါ ယုံကြည်ခဲ့သမျှတွေက အလကားပဲ... "" တော်ပါတော့ မာမီ.... ဒီကိစ္စမှာ
baby က အပြစ်မရှိပါဘူး...ကျတော့် မှာသာ
အပြစ်ရှိတာပါ...မာမီ အပြစ်တင်ချင်ရင်
ကျတော့် ကိုပဲ အပြစ်တင်ပါ "မေသွေးခြယ် ကို အပြောမခံဘဲ ဝင်ရောက်
ကာကွယ်ပေးလာသော ခြံရံ ကြောင့် ဒေါ်နန်းအိမ်
မျက်ခုံးတွေက တွန့်ချိုးသွားရသည်။" ဟုတ်ပါတယ်လေ မီးငယ်လေးက
မင်း မိန်းမဆိုတော့ ငါ့မှာ အပြစ်တင်ခွင့်
မရှိပါဘူး.... ငါ့က မင်းတို့နဲ့ ဘာမှ
မသက်ဆိုင်တာကိုး "ဒေါ်နန်းအိမ် မျက်ဝန်းတွေက အရည်ကြည်လဲ့
မလို ဖြစ်သွား၍ ခြံရံ သူ့ အမေ လက်လေး
ကို ဆုပ်ကိုင်ပစ်လိုက်သည်။" ကျတော် တောင်းပန်ပါတယ် မာမီ... ကျတော်
အဲ့ဒီ သဘော ပြောတာ မဟုတ်ပါဘူး.....
မာမီ က ကျတော့် ဘဝမှာ အရေးပါဆုံး
သူတွေထဲက တစ်ယောက်ပါ.... မာမီ
သိလား....ကျတော်လေ ဖြူလုံးလေး
ကို သိပ်တဲ့ ညတိုင်းလည်း မာမီ ကို
ကျတော် သတိရနေတာ...ကျတော်
ငယ်ငယ်တုန်းက မာမီ ကျတော့် ကို
ဒီလိုသိပ်ခဲ့တယ်ဆိုပြီး... ဖြူလုံးလေး
ကို ထမင်းကျွေးပြန်ရင်လည်း မာမီကို
ကျတော် သတိရနေမိတာ...
ကျတော် ငယ်ငယ်တုန်းက မာမီလည်း
ဒီလို ခွံကျွေးခဲ့တယ်ဆိုပြီး...
ဒါတင်မကသေးဘူး မာမီ အဆင်များ ပြေပါ့မလား
ဆိုပြီး ကျတော် တွေးပြီး စိတ်ပူနေတာ "
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...