Part - 42 ( Zg + Uni)

3.1K 128 9
                                    

        { Part - 42  }

"   တောက်စ်.... လူယုတ်မာ...!!
မွေးရကျိုး မနပ်တဲ့ သား...!!!
ဘယ့်နှယ် အဲ့ဒီကောင်က ကွာရှင်းစာချုပ်ထား
ပြီး ငါ့ မြေးလေးကို ခေါ်သွားရတယ်လို့...!! "

သား မနက်ခင်းလင်းတော့ ဦးခြံရံ က မရှိတော့ပါ။
ဖြူလုံးလေး ကို ခေါ်သွားပြီး ကွာရှင်းစာချုပ်ထား
သွားခဲ့တယ်။ ဒါတွေက သား ဖြစ်ချင်တဲ့အတိုင်း
ဦးခြံရံ က ဖြည့်ဆည်းပေးလိုက်တာပေ။

အမှန်အတိုင်း ပြောရရင် သား ပျော်နေရမည်။
ဒါပေမဲ့ မပျော်နိုင်ဘဲ ရင်ထဲမှာ ဟာတာတာ
ကြီး ဖြစ်နေမိသည်။

" မဲတူးမ သတင်းစာတိုက်ကို သွားပြီး
လင်းခြံရံ နဲ့ ငါနဲ့က သေခန်းပြတ်ပြီဆိုတာ
သွားထည့်ခိုင်းလိုက် "

" အဲ့ဒီလိုမလုပ်ပါနဲ့ မမနန်း ရယ်...
သားခြံရံလေး သနားပါတယ် "

" ကျမက ဘာသနားရမှာလဲ ကြီးဆွေ...
သူကိုယ်တိုင်ကိုက မီးငယ်လေး ကို
ထားသွားတာ... ဒါတင်မကဘူး
ကျမ မြေးလေးကိုပါ ခေါ်သွားသေးတယ်..
အဲ့ဒီလို သားမျိုးကို ကျမက သေခန်းမဖြတ်ရင်
ဘယ်သူ့  ကို ဖြတ်ရမှာလဲ "

အသံတွေ တဆက်ဆက်တုန်နေသဖြင့်​ Mom
ဘယ်လောက်တောင် ဦးခြံရံ ကို ဒေါသထွက်
နေလဲဆိုတာ သား သိသည်။
တကယ်လို့  Mom သာ သားက ဦးခြံရံ ကို
ကွာရှင်းစေတဲ့လူ ဖြစ်တာသိရင် စိတ်ဆိုး
မလားမသိ။

" မီးငယ်လေး ဘာမှ အားမငယ်နဲ့နော်
အဲ့ဒီကောင်  မရှိလည်း မာမီ ရှိတယ်
နောက်ပြီး မာမီ မြေးလေးကို အဲ့ဒီကောင်
လက်ထဲကနေ ရအောင်ပြန်ခေါ်ပေးမယ်လို့
မာမီ ကတိပေးပါတယ် "

" ကြီးဆွေ တို့ ရှိတယ်နော် မီးငယ်လေး...
မီးငယ်လေး ဘာမှအားမငယ်နဲ့.. .
သားခြံရံ ကို တွေ့ရင် မီးငယ်လေး အစား
ကြီးဆွေ ရိုက်ပေးမယ်... ဒါမှ သားခြံရံ
မှတ်မှာ "

" မဲတူးမ တို့က မမလေး ဘက်ကနော်
မမလေး တစ်ယောက်တည်းလို့ ဘယ်တော့မှ
မတွေးနဲ့... မမလေး ဘက်မှာ မဲတူးမတို့
အမြဲတမ်း ရှိနေမယ် "

တိတ်ဆိတ်နေသော သားကို Mom ၊ ကြီးဆွေ နဲ့
မဲမဲတို့က ဝမ်းနည်းနေတယ်ထင်ပြီး အား
ပေးလာတော့ သား လက်ဖဝါးတွေကို
အကြောင်းမရှိ ပွတ်​နေမိသည်။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Donde viven las historias. Descúbrelo ahora