{ Part - 39 }" အချိန်တွေသာ နောက်ပြန်လှည့်လို့ ရမယ်ဆိုရင်
ခင်ဗျား လို လူကို ယူမယ့် အစား
လမ်းဘေးက ကောင်ကိုပဲ သား ယူတယ်....
ဒါကြောင့် သား ပေးနေတုန်း သား ဘဝကို
ခင်ဗျား ယူထားလှည့်... !!! "သူ့ လက်ကို ပုတ်ချကာ ကြယ်သီးတွေ ဖြုတ်လိုက်
၍ မြင်လိုက်ရသော ရင်ညွှန့်ညွှန့် ဖွေးဖွေးလေး
ကြောင့် မျက်နှာကို အောက်ငုံ့ပစ်လိုက်သည်။ဝတ်ထားတဲ့ သူ့ အင်္ကျီကိုလည်း ချွတ်
ပြီး မေသွေးခြယ် ပေါ် ကောက်တင်
ကာ အိမ်ထဲကနေ အမြန်ထွက်လာလိုက်သည်။ပေါ်တီကိုအောက်မှာ ရပ်ထားတဲ့ ကားဆီကို
လင်းခြံရံ ခြေလှမ်းကျဲကြီးနဲ့ သွားတော့သည်။************************
" အား.......!!!!! "
ကားကို မြို့ထဲထိ ခြံရံ ပတ်မောင်းပြီးတဲ့နောက်မှာ
လူရှင်းတဲ့ လမ်းမကြီးရောက်သွားတော့
အားကုန် အော်ချပစ်လိုက်သည်။" ဘာလို့လဲ မေသွေးခြယ်. ...??
မင်း ငါ့ကို ဘာလို့ အဲ့ဒီလို ထင်ရတာလဲ...??
ငါ မင်းကို ဘာတွေများ လုပ်နေလို့ အဲ့ဒီလို
ထင်နေရတာလဲ...?? လင်းခြံရံ ဆိုတဲ့
ကောင်က မင်းကို ချစ်လို့ အခုလိုတွေ
လုပ်နေတယ်ဆိုတာ မင်း နည်းနည်းမှ
သတိမထားမိဘူးလား..?
ငါ ချစ်တယ်ပြောရင် မင်းက ငါ့ ရင်ကို ခွဲအုံးမယ်..
ဒီတော့ ငါ မပြောနိုင်ဘဲ အခုလိုတွေ လုပ်နေရတာ
......"" မင်း အမုန်းတွေကို ငါ မခံနိုင်လို့ အခုလိုတွေ
လုပ်နေမိတာ... ဒါ့ကို မင်းက... ငါ့က
မင်း အသွေးအသားကိုပဲ မက်တဲ့ ကောင်တဲ့.. ..
မင်း မသိပါဘူး ငါ့ ဘဝမှာ ဘယ်မိန်းကလေးကိုမှ
မထိခဲ့ဖူးဘူး....ငါ လိုလိုလားလား နဲ့
ထိခဲ့ဖူးတာဆိုလို့ မင်း တစ်ယောက်ပဲ ရှိတယ်
မင်းကလွှဲပြီး ငါ ဘယ်သူ့ကိုမှ မထိခဲ့ဖူးဘူး.. .
အဲ့ဒါကို မင်း ဘာလို့ ငါ့ကို အဲ့ဒီလို
ထင်ရတာလဲ...??? "" မင်း မျက်လုံးထဲမှာ နေထက် ဆိုတဲ့ ကောင်က
လွှဲပြီး ဘာမှ မမြင်တော့ဘူး ထင်တယ်.. ..
ငါ့ဆိုတဲ့ ကောင်က မင်း မျက်လုံးထဲမှာ အမှိုက်
သာသာပဲ... ..မုန်းပါ မင်း စိတ်ကြိုက်သလောက်
ငါ့ကို မုန်းပစ်လိုက်စမ်းပါ မေသွေးခြယ်
ဒါပေမဲ့ ငါ့ အနားကနေ မင်း ဘယ်တော့မှ
ထွက်မသွားရဘူး... .မင်းက ငါ့ အပိုင်ပဲ
မေသွေးခြယ် "

YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...