{ Part - 4 }ကားလေးက မောင်းနေပေမဲ့ တိတ်ဆိတ်လို့ နေ၏ ။
အနောက်ခန်းက မိုးပုလဲ မှာတော့ ရှေ့ခန်းမှာ
ထိုင်နေတဲ့ သား ကို မကျေနပ်တဲ့
အကြည့်တွေနဲ့ပင်.....။ကားမှန်ကနေ တစ်ဆင့် မိုးပုလဲ ကို ကြည့်ပြီး
ပြုံးစိစိ ဖြစ်နေသူကတော့ ရှေ့ခန်းမှာ
ခြံရံ နဲ့ ထိုင်နေတဲ့ သားပင်.....။" အန်ကယ် က နင့်ကို အိမ်လည်လာ
အုံးတဲ့.....??? မေသွေးခြယ် "မေသွေးခြယ် တို့ အဖေအိမ်ကို ရောက်တော့
ကားပေါ်က ဆင်းဆင်းချင်း စကားစလာတဲ့
မိုးပုလဲ ကို မေသွေးခြယ် တစ်ချက် ကြည့်ကာ....." ဒယ်ဒီ ကို ပြောလိုက် မိုးပုလဲ....!!!
နင်တို့ သားမိ ဒီအိမ်ကနေ ဆင်းရင်
ငါ လာမယ်လို့........ "" ဘာ.....!!!! မေသွေးခြယ် နင် မိုက်ရိုင်း
လှချည်လား......?? "" ငါ့ ပါးစပ်နဲ့ ငါ ရိုင်းတာ နင့် ပါးစပ် ငှားပြီး
ရိုင်းနေတာ မဟုတ်ဘူး.... "" တော်စမ်း....!!!! မေသွေးခြယ်
မင်း ပုလဲ ကို ဘာလို့ ကတ်ကတ်လန်လန်
ရန်ပြန်တွေ့နေရတာလဲ.....??? "" ဝင်မပါနဲ့ ဦးရံ သား မကြိုက်ဘူး.....
မောင်းတော့ အခု အိမ်ကို .... "ပုလဲ ကို စိတ်တိုစွာ တစ်ချက်ကြည့်ပြီး
သူ့ကို မောင်းဖို့  ပြောနေသော ချာတိတ်
ပုံစံ က အမိန့်ပေးနေသလိုပင်.....။ခြံရံ ဒါကို မကြိုက်ပေမဲ့ ဒါပေမဲ့ ဒီနေရာမှာ
သူ ပြသာနာမဖြစ်ချင်ပါ။ ပုလဲ ကို
တစ်ချက်ကြည့်ပြီး ချာတိတ် ခိုင်းတဲ့အတိုင်း
ကားကို မောင်းဖို့ပြင်လိုက်၏ ။***********************
" မနက်က မင်း လုပ်ထားတဲ့ အပြစ် သိတယ်နော် "
ညစာစားပြီးလို့ ဗိုက်လေးလို့ အပေါ်ထပ်ကို
တက်လာရုံ ရှိသေး အခန်းထဲ ဝင်ဝင်ချင်း
ကြားလိုက်ရတဲ့ ဦးခြံရံ စကားက
သား ရင်ကို ထိတ်သွားစေသည်။ ဒါပေမဲ့
ထိတ်လန့်သွားတဲ့ စိတ်ကို သား မနည်းဖုံးကွယ်
ပြီး ဟန်ဆောင်ပြုံးလိုက်သည်။" သိတာပေါ့ ဦးရံ ရ..... သား အပြစ်ကို
သား က သိတာပေါ့...... "စကားကို အသားကုန်တွေ ချွဲနွဲ့ပြောရင်း
သား လက်တွေက ဦးခြံရံ ကိုယ်ပေါ်မှာ
ဆော့ကစား ပေးနေလိုက်သည်။
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...