{ Part - 17 }ရေလည်း ဆော့ပြီးရော ညစာအတူစားဖို့
ဒယ်ဒီ က ပြောလာတာကြောင့် သား မငြင်းမိပါ။" ဦးလင်း လာလေ ဒီမှာ လာထိုင်လှည့် "
မိုးပုလဲ စကားကြောင့် သား ကြည့်လိုက်တော့
ဦးခြံရံ ကို မြင်လိုက်ရ၍ သား စားဖို့ ပြင်နေတဲ့
ထမင်းလုတ်က လေထဲမှာ တန့်သွားရသည်။ထို့အတူ ဦးခြံရံ ကလည်း သား ကို မကျေနပ်စွာ
ကြည့်ပြီး မိုးပုလဲ နဲ့ ကပ်လျက်က ခုံမှာ
ဝင်ထိုင်သည်။" ကိုတိုး ဒါက ကိုတိုး အကြိုက် ငါးမျှစ်ချဉ်ဟင်း
လေး "ရုတ်တရက် ဒယ်ဒီ ပန်းကန်ထဲကို ဒေါ်သက်ချို
က ပြုံးရွင်စွာနဲ့ ဟင်းထည့်ပေးလာသည်။" ဦးလင်း ဒါက ဦးလင်း အကြိုက်
ဝက်နံကင်သုတ်လေး "မိုးပုလဲကလည်း ဦးခြံရံ ပန်းကန်ထဲကို ဟင်းထည့်
ပေးပြန်သည်။သား မှာသာ ထမင်းစားရတာ တစ်ယောက်တည်း
အထီးကျန်နေသလို ဖြစ်နေရသည်။" မမလေး.... ပုစွန် ကြိုက်တယ်မလား
မဲတူးမ ထည့်ပေးမယ်နော် "အားငယ်စိတ်ဝင်မလို ဖြစ်တုန်း မဲတူးမ က
သား ပန်းကန်ထဲ ပုစွန်ဟင်း ထည့်ပေးလိုက်တော့
သား ဝမ်းသာမိသွားသည်။" ဒီကို ဟန်နီးမွန်း ထွက်လာတော့ ဦးလင်း
အလုပ်တွေ အများကြီးကို ပစ်ထားခဲ့ရမှာ
ပဲနော် "" ဟုတ်တယ် ပုလဲ.... ကိုယ် အများကြီး
ထားပစ်ခဲ့ရတာ မထားချင်ရင်လည်း
ထားခဲ့ရမှာပဲလေ ဟန်နီးမွန်းကြီးကို
အလုပ်တွေ ယူလာလို့ မကောင်းဘူး "" ဒါပေါ့ သားခြံရံ ရယ် ဒါနဲ့ မင်း ဝေလာရီ
ပြခန်း နဲ့ စာချုပ်ချုပ်နိုင်တဲ့ အတွက်
အန်တီ ဂုဏ်ယူပါတယ်နော် "" အသေးအဖွဲ့လေးပါ အန်တီသက်ချို ''
" ဘယ့်နှယ် အသေးအဖွဲ့ ရမှာလဲ သားခြံရံ ရယ်
ဝေလာရီ ပြခန်းက မြန်မာနိုင်ငံရဲ့
လက်ဝတ်ရတနာတွေထဲမှာ အင်အားအကြီး
မားဆုံးနဲ့ အကျော်ကြားဆုံး... အဲ့ဒါ
မင်း သူတို့နဲ့ စာချုပ်ရအောင် ချုပ်နိုင်တဲ့ အတွက်
ရှေ့လျှောက်တော့ မင်း company က
တဟုန်ထိုး အောင်မြင်တော့မှာပဲ "
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...