{ Part - 61 }ခြံရံ စိုးစိုး ကို အခြောက်မယောင်ဆောင်ခိုင်းတာက
သမီးလေး ကြောင့် သူ့မှာ အစီအစဉ်ပျက်သွားရသည်။သမီးလေးက သူ ဟန်ဆောင်နေတာကို သိတဲ့
အတွက်လည်း စိုးစိုး ကို ပြန်လွှတ်လိုက်ရသည်။အလုပ်တွေကလည်း မနေ့က ကတည်းက
အကုန်ပြီးသွားပြီလေ။ လုပ်စရာဆိုလို့
သမီးလေး က baby ကို ချစ်လာအောင်
သူ လုပ်ပေးရမှာပေ။" အန်တီမေသွေးခြယ် အခြောက်မ ပြန်သွားပြီနော်...
အန်တီမေသွေးခြယ် ပြောထားတဲ့ ကိစ္စ "အတွေးလွန်နေတုန်း baby ကို လှမ်းမေးလိုက်တဲ့
သမီးလေး စကားကြားမှ လူက သတိဝင်လာရသည်။" ဦးရံ ... သား အိမ်ကို ပြန်တော့မယ်
သမီးလေး ကို သား အစား ပိုပြီး ဂရုစိုက်ပေးပါနော်.... "" မပြန်ရပါဘူး baby ....ကိုယ် ပြောထားတယ်
လေ baby အိမ်မပြန်ရဘူးဆိုတာ.. ."" သား သမီးလေး ကို ဝမ်းနည်းအောင် မလုပ်ချင်
တော့ဘူး ဦးရံ.... "ဖြူလုံး ကို ကြည့်ရင်း အန်တီမေသွေးခြယ် က
ဆိုနေတာကြောင့် ရင်ထဲ ဘယ်လိုကြီးမှန်း
မသိပါ။ ဟာဟာ ကလည်း အခန်းပေါက်ဝကနေ
ရပ်ကြည့်ကာ ဖြူလုံး ကို တားဆိုပြီး
မျက်စပစ်ပြနေသည်။ဟင့်အင်း ဖြူလုံး အန်တီမေသွေးခြယ် ကို မတားချင်ပါ။
ဖြူလုံး အတွက် ဖေဖေသာ ရှိရင် လုံလောက်သည်။" သား တောင်းပန်ပါတယ် ဦးရံ. ...
သားကို ဦးရံ ဘဝထဲကနေ ထွက်သွားခွင့်
ပေးပါနော်..... ဒါမှ သမီးလေးက ပျော်နိုင်မှာ
ဦးရံ ရဲ့ "" ဖြူလုံးလေး... သမီး မေမေကို မတားတော့
ဘူးလား....?? သမီး မေမေကို
မချစ်ဘူးလားဟင်...?? "" ဖြူလုံး အတွက် ဖေဖေ ရှိရင် လုံလောက်တယ်...
ဖြူလုံး တခြားဘာမှ မလိုချင်တော့ဘူး "ပြတ်သားစွာ ပြောနေသော သမီးလေး ရဲ့ စကား
တွေကို သူ မကြိုက်။ဒီတော့ အစီအစဉ်
B ကို သူ ဆက်သွားရမည်။" သမီးလေး အတွက် မလိုအပ်ပေမဲ့ ဖေဖေ့ အတွက်
လိုအပ်တယ်....ဖေဖေ့ အတွက်က သမီးမေမေ
ရှိမှ ဖြစ်မှာ..... မဟုတ်ရင် ဖေဖေ ပျော်မှာ
မဟုတ်ဘူး... .ဖေဖေ့ အတွက် သမီးမေမေ
ကို ပြန်လက်ခံပေးလို့ မရဘူးလားဟင်...?? "
YOU ARE READING
အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)
Romanceသူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထားတဲ့ ကောင်လေး ကို လုယူခဲ့သော မေသွေးခြယ် ..... သို့သော် သူ ယူလိုက်ခဲ့တဲ့ ကောင်လေး ကလည်း သူ့ကို အရမ်းမုန်း နေတဲ့အခါ မေသွေးခြယ် ဘာဆက်လုပ်မလဲ...