Unicode
အရမ်းကိုရှည်ကြာခဲ့ပေမယ့်
အဆုံးမရှိတဲ့စိတ်ရှည်သည်းခံမှု
ရေးတေးတေးလေးသာရှိတော့တဲ့မျှော်လင့်ချက်မီးအိမ်လေးကို
တုန်ရီနေတဲ့လက်ချောင်းများနဲ့မငြိမ်းသွားအောင်
ကျေးဇူးပြု၍ ထိန်းသိမ်းခွင့်ပြုပါကြိုးစားမှုတွေအားလုံးအရာမထင်တော့ရင်တောင်
ကိုယ့်ရဲ့အိပ်မက်ထဲမှာတော့
မင်းကို
အိပ်မက်မက်ခွင့်ပေးပါနော်...
သူများတွေလိုစကားလုံးတွေနူးနူးညံ့ညံ့ လှလှပပ
မသုံးတတ်ပေမယ့် ကိုယ် ပိုင်ပိုင်နိုင်နိုင်အပြောနိုင်ဆုံးကတော့
.
.
.မင်းအတွက်
ထာဝရ
ရှင်သန်သွားပါမယ်လို့...
💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧
နှစ်ပေါင်းလေးရာရှိခဲ့ပြီနော်
ကိုယ်မင်းကို စောင့်နေခဲ့ရတာ
ကိုယ်ထွက်မသွားခင်က ပြောခဲ့တာကိုမှတ်မိသေးရဲ့လား။ နောက်ဘဝပြန်ဝင်စားရင် လူစင်စစ်ဘဝနဲ့ မင်းတစ်ယောက်တည်းကိုသာ ချစ်ပါရစေ ဆိုတာလေ
အခု အဲ့ဒီဆုတောင်းဖြစ်လာတော့မယ် ချစ်သူ
မင်းမမြင်နိုင်တဲ့နေရာ၊ မင်းမသိတဲ့အချိန်တွေမှာ
ကိုယ်မင်းနဲ့အတူရှိနေတာမို့ မိန်းကလေးရေ...
မကြောက်လိုက်ပါနဲ့နော်မင်းရဲ့ဘေးမှာ ကိုယ်မရှိပေးနိုင်ခဲ့တဲ့အချိန်တွေအတွက် ပြန်ပေးဆပ်ပါရစေကွယ်
ချစ်ရသူရေ
ကိုယ်ပြန်လာနိုင်တော့မယ်
.
.
.
.
.❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣
"... ... ... ... ... ... ..."
နှိုးစက်နာရီမှ အသံလေးက ဧကရီ့ကိုလှုပ်နှိုးလိုက်သည်။ အမေကဘေးမှာအိပ်ပျော်နေသဖြင့် မနိုးသွားစေရန် နာရီကိုအမြန်ယူကာ ခလုတ်ပိတ်လိုက်သည်။မနေ့ညက အထုတ်အပိုးပြင်ရင်း ညဉ့်နက်သွားသဖြင့် အမေ မနက်မှာအိပ်ပါစေတော့ဆိုကာ ပိတ်လိုက်ခြင်း။
နာရီကိုကြည့်တော့မနက်လေးနာရီ။
သူမအိပ်ယာမှထ၍ ခြုံစောင်ကို သိုသိုသိပ်သိပ်ခေါက်လိုက်သည်။ အမေ့ကိုလေမဟပ်သွားအောင်လည်းဂရုစိုက်ရသည်။ အအိပ်ဆတ်သောအမေ နှိုးလာပြီး အိပ်ရေးပျက်ဦးမည်ဖြစ်၍ တိတ်တိတ်ကလေးအခန်းမှထွက်လာခဲ့သည်။
ВЫ ЧИТАЕТЕ
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Любовные романы💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...