Unicode
"...... ...... ...... ""ဟယ်လို လဲ့"
"ဪ ဧကရီ နင် စာမေးပွဲဖြေနိုင်ရဲ့လား"
"အင်း"
"ဟဲ့ နင့်ဖြေပုံကြီးကလည်း မသေမချာနဲ့
ဘာလဲ... definition တွေ လွဲနေပြန်ပြီလား
ငါပြောတယ်နော်
နင် စာမေးပွဲ ဒီလောက်နီးနေတာ စာသေချာမှ
မကျက်ဘဲ""ငါကဘာပြောလို့ နင်က ဘာတွေဖြေနေတာလဲ
လဲ့ရဲ့... ငါကအဆင်မပြေတိုင်း ဒီလိုဖြေနေရမှာလား
အဆင်ပြေတယ်ဟဲ့ အဆင်ပြေတယ် နော်!
ဒါနဲ့ နင်ဘယ်မှာ ဘာလုပ်နေတာလဲ၊ အဆောင်ကိုပြန်မလာဘဲဘာလုပ်နေတာလဲ""ငါလား၊ အခု ဝတ်ရည်အိမ်မှာ မုန့်စားနေတာလေ"
"ဟယ် နင်သွားမယ်ဆို ဘာလို့ငါ့ကိုမခေါ်တာလဲ
ငါလည်းလိုက်ချင်တာကို"" စာမေးပွဲခန်းထဲကထွက်လာပြီး ချက်ချင်းကြီးအိမ်ပြန်သွားတာ ဘယ်သူမို့လို့ ငါ့ကိုလာပြန်မေးနေတာလဲ
ထားလိုက်ပါ နင့်ကိုပြောနေတာနဲ့ ငါ့စကား ဘယ်run သွားမှန်း မသိတော့ဘူး
ငါပြောမယ် ဝတ်ရည်ကအကြံပေးတယ်ဟဲ့
ဒီတစ်ခေါက် ကျောင်းပိတ်ရက်မှာ ငါတို့သူငယ်ချင်းတွေ အပန်းဖြေခရီးထွက်ကြမလားလို့ စိတ်ကူးထားတယ်တဲ့
နင်ရောလိုက်ချင်လား
ငါတော့မအောင့်နိုင်တော့လို့ အဆောင်ကိုပြန်မရောက်ခင် ဖုန်းဆက်မေးရတာပဲဟ
ဘယ်လိုလဲ လိုက်ချင်လား""နေပါဦး နေပါဦး နင်က ဘယ်နေရာကို သွားမယ်ဆိုတာ ငါ့ကိုမပြောရသေးဘဲ ငါက နင်နဲ့ ဘယ်နေရာကိုလိုက်ရမှာလဲ
ပြီးတော့ ဒီတစ်ခေါက်ပိတ်ရက်မှာ ဆရာကြီးက ငါတို့ကို ကျိုက်ထီးရိုး လိုက်ပို့မယ်တဲ့လေ
အဲဒါနဲ့ပဲ လိုက်သွားတာမကောင်းဘူးလား၊ စားသောက်စရိတ်ကို ဆရာတွေပဲစိုက်မှာဆိုတော့ စရိတ်စက လည်းသက်သာမယ် ဘုရားလည်းဖူးကြမယ်လေ"(တစ်ဖက်မှစိတ်ဆင်းရဲစွာအော်သံ) "ဟာ.... အဲဒါကကောင်းတာတော့ကောင်းပေမယ့် ဆရာတွေရှိနေတော့ ငါတို့လွတ်လွတ်လပ်လပ်နေရမှာလားတဲ့
ဘာလုပ်လုပ်အကုန်လိုက်ပြောနေမှာ
မကောင်းပါဘူးဟာ၊ ငါတို့သွားမှာက နယ်ဘက်ကိုဟ
သုံးညအိပ်လေးရက်ခရီးပေါ့ဟာ
ငါတို့ချည်းပဲဆိုတော့ လုပ်ချင်တာလုပ်လို့ရတာပေါ့ဟ"
KAMU SEDANG MEMBACA
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romansa💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...