အပိုင်း🌸 ၃

22 6 1
                                    

Unicode

တချို့တွေကပြောကြတယ်နော်

ကိုယ်တို့နှစ်ယောက်က ဘယ်တော့မှ မဆုံစည်းနိုင်ဘူးလို့

တစ်ယောက်ကရှင်သန်ရမယ်ဆို...
တစ်ယောက်ကပျောက်ကွယ်သွားရမယ်တဲ့

ဒီလိုအဖြစ်မျိုး​မကြုံရပါစေနဲ့ဆိုပြီး

အကြိမ်ကြိမ်ဆုတောင်းခဲ့ပေမယ့်

အဲဒီဆုတောင်းက ကိုယ်ရဲ့ဇီဝိန်ချုပ်ခါနီး နှုတ်ခမ်းဖျားမှာပဲ ကွယ်ပျောက်သွားခဲ့ရတယ်

ကြေကွဲစရာဖြစ်ရပ်တွေကို မေ့ဖျောက်လိုက်ပါတော့ကွယ်

မပြောလည်း အဲ့ဒီအဖြစ်အပျက်ကိုကော
ကိုယ့်ကိုကော မေ့သွားခဲ့ပြီပဲကို...

တောင်းပန်ပါတယ် မိန်းကလေး

ကိုယ့်လိုလူကိုမှ ချစ်မိခဲ့တဲ့အတွက်

ဪ...
.
.
.
.
.
ကိုယ်က လူ​တောင်မှ... မဟုတ်တာဘဲလေ

🔅🔆🔅🔆🔅🔆🔅🔆🔅🔆🔅🔆🔅🔆🔅🔆

ကလောကိုကျော်ပြီး အောင်ပန်း၊ ဟဲဟိုးထိဖြတ်လာကြသည်။ သူတို့ကားရပ်ကာ ခဏနားကြပြီး အပေါ့အပါးသွားသူသွား၊ ဈေးဝယ်သူဝယ်ဖြင့် အလုပ်ရှုပ်နေကြသည်။ နေ့လည်စာစားပြီးကြပြီးနောက် ခရီးဆက်ရန်ပြင်ကြစဉ် လဲ့ဆီဖုန်းလာသည်။

"ဟယ်လို လေးချစ်၊ သမီးတို့လာနေပြီ ရောက်တော့မယ်"

"... ... ... ... ... ... ..."

"ဟင် ဘယ်လို ?"

"... ... ... ... ... ... ..."

"အယ်!"

အဝေးတစ်နေရာမှ ဖျာပေါ်တွင်ထိုင်နေသော ဧကရီတို့အုပ်စုလည်း မော့တော့မော့တော့နှင့် လှမ်းကြည့်နေကြသည်။
အတန်ကြာ လဲ့ရောက်လာပြီး

(လဲ့) "အားတော့နာတယ် ကိုယ့်လူတို့၊ ငါတို့ နောက်ကြောင်းပြန်လှည့်ရတော့မယ်ထင်တယ်"

(အားလုံး) "ဟင်!!! ဘာလို့လဲ"

(မင်းမြတ်) "ငါတို့ဒီအထိရောက်လာပြီးမှ လှည့်ပြန်ရတော့မယ်ဆိုတာ ဘာသဘောလဲ"

လဲ့က သူမတို့ဦးလေးမိသားစု ကလောသို့ရောက်ရှိနေသဖြင့် တောင်ကြီးကိုသွားဖို့မလိုတော့သည့်အကြောင်းပြောလာရာ၌.

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီOpowieści tętniące życiem. Odkryj je teraz