အပိုင်း 🐈‍⬛ ၂၀

26 4 0
                                    

Unicode

လလေးရေ...

လမင်းကြီးရဲ့အလင်းရောင်ကို ငံ့လင့်တောင့်တနေတဲ့ ပိုးစုန်းကြူးလေးကိုယ်ဟာ မင်းကိုပြန်တွေ့နိုင်မယ့်ရက်တွေကိုပဲ အချိန်တိုင်းရေတွက်ရင်း မျှော်လင့်ချက်တွေရှင်သန်နေခဲ့တယ်ဆိုတာကို လလေး သိရဲ့လား။

ကိုယ်တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ ဘယ်သူမှအဆုံးမသတ်ပေးဘဲ ပြီးဆုံးသွားခဲ့တာလွန်ခဲ့တဲ့နှစ်လေးရာလောက်ကနော်။

ရုပ်နဲ့နာမ်ကွဲနေခဲ့တဲ့ ဖြစ်တည်မှုနဲ့နေရတဲ့ကာလတွေမှာ မျှော်လင့်ချက်တွေလည်းပျောက်ဆုံးခဲ့တယ်
အကြောက်တရားတွေကလည်းကြီးစိုးလာခဲ့တယ်
ဝမ်းလည်းနည်းလာခဲ့ရတယ်

အရင်က လလေးငိုရင်ပါးပြင်ပေါ်က မျက်ရည်သီးလေးတွေကို လက်ချောင်းလေးတွေနဲ့တယုတယသုတ်ပေးခဲ့ပြီး မငိုပါနဲ့လို့အမြဲနှစ်သိမ့်ပေးခဲ့တဲ့ ကိုယ်ဟာ ကိုယ့်အလှည့်ကျတော့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ဖို့ အားအင်ဆိုတာထွက်ပေါ်မလာခဲ့ဘူး။

စောင့်မျှော်နေစဥ်ကာလအတောအတွင်းမှာ ပြောချင်တဲ့စကားတွေလည်းအများကြီးပဲ။
လလေးရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး တောအုပ်ထဲပြေးဆော့ခဲ့တဲ့အချိန်တွေကိုလည်း လွမ်းဆွတ်မိတယ်။

ကိုယ်မင်းဘေးက ထွက်သွားခါနီးအချိန်မှာပြောခဲ့တဲ့ စကားလေးလေ။

အဲစကားအတိုင်းနေပေးနေခဲ့တယ်ဆို။
မမလွန်းကပြောပြတယ်။

ကိုယ်လေ
အခုဆို ပိုပြီးသန်မာလာပြီ
ပိုပြီးလည်း ရင့်ကျက်လာခဲ့ပြီ သိလား။
လလေးကို ကိုယ်အဆုံးထိကာကွယ်သွားမယ်နော်။

....................

ဧကရီသည် ဆိုင်ထဲသို့ တိုးတိတ်ညင်သာစွာ ခြေဖော့နင်းရောက်လာသည်။ သူခိုးခြေလှမ်း။

ကောင်တာဘေးရှိ ထိုင်ခုံလေးပေါ်ထိုင်ပြီး ဟိုချောင်းသည်ချောင်း။ ကောင်တာအတွင်းဘက်ရှိ
ပြုံးရည်လဲ့တစ်ယောက်မှာတော့ coffee bean bag အတွင်းမှကော်ဖီစေ့များကို ကုန်း၍ခပ်ယူနေချိန်ဖြစ်သည်။ ကော်ဖီစေ့ထုပ်သည် ရေနွေးစက်တင်သောခုံအောက်တွင်ရှိနေ၍ လဲ့ခေါင်းသည် ခုံအောက်ရောက်နေသည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDonde viven las historias. Descúbrelo ahora