အပိုင်း 🍂 ၉

18 4 1
                                        

Unicode

လပြည့်နေ့က မင်းကိုကိုယ်မျှော်နေခဲ့တာ
မင်းကို လာခေါ်သေးပါတယ်
ဒါပေမယ့်လမ်းမှာပြဿနာလေးတစ်ခုရှိသွားလို့မအောင်မြင်လိုက်ဘူး

ရပါတယ်လေ
လပြည့်ပြီးရင်လပြည့်ကျော်နှစ်ရက်ကပိုပြီး ညှို့အားကောင်းတယ်တဲ့
.................................

မင်းမမှတ်မိလို့ပါ
ကိုယ်တို့နှစ်ယောက်ဆုံတဲ့နေ့ကလပြည့်နေ့ကြီးလေ

ကိုယ်ကခါတိုင်းဆို နေ့တွေလတွေမမှတ်ထားဖြစ်ပေမယ့် ဒီနေ့ကိုတော့ကိုယ့်တစ်သက်မေ့တော့မယ်မထင်ဘူး

အဲဒီနေ့က ကိုယ့်အစ်မရဲ့တောအုပ်ပိုင်နက်ထဲကခိုးထွက်လာတဲ့နေ့
နောက်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိ
ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ်။
လူ့အသွင်ပြောင်းထားတာမို့ တောကောင်လေးတချို့ကလန့်ပြီးထွက်ပြေးကြတယ်။

တခြားတောအုပ်နယ်မြေထဲရောက်လာတဲ့အချိန်မှာကိုယ်တွေ့လိုက်ရတာက

မင်းပဲ။  ။

အပင်ကြီးတစ်ပင်ကဖြာဆင်းလာတဲ့သစ်ကိုင်းကြီးတစ်ခုမှာကြိုးရှည်ရှည်နဲ့ဒန်းဆင်ထားတယ်လေ။
ဒန်းပေါ်မှာလေ မျက်လွှာလေးချပြီးဒန်းငြိမ့်ငြိမ့်မှာ မှိန်းပြီးလိုက်နေတဲ့ချစ်စရာသခင်မလေးတစ်ဦး။
ခါးတောင်အင်္ကျီ ထိုင်မသိမ်းဝတ်စုံလေးက လေအပင့်မှာနွေဦးရွက်ဝါလေးတွေကြွေသလိုတလွင့်လွင့်နဲ့ရယ်။
နေပျောက်လေးတွေက ပြုံးနေတဲ့မင်းမျက်နှာလေးကိုခစားလို့။
ဆွေကြီးမျိုးကြီးမို့နေပါရဲ့
ပြုံးကာတိတ်တခိုးရယ်လိုက်တဲ့ရယ်သံလွင်လွင်လေးရဲ့ တိမ်ဖြူလွှာဇာပါးကလေးကကိုယ့်နှလုံးသားကိုရစ်ပတ်လွှမ်းခြုံ။

အဲဒီနေ့ကမင်းကိုယ့်ကိုစကားလေးတစ်ခွန်းပဲပြောခဲ့တာ

"အသင် ဘယ်သူလဲ" တဲ့။
သူစိမ်းကိုမာမာဆတ်ဆတ်ပြောတဲ့အသံကိုပဲ ကိုယ်ရရှိခဲ့တယ်ဆိုပေမယ့် ကိုယ့်ရင်ဘတ်အတွင်းကမင်းကတော့ အစဉ်နူးညံ့လျက်ပါ။

ကံကြမ္မာရဲ့ရိုက်ပုတ်မှုကို ကိုယ့်တို့နှစ်ဦးစလုံးခံစားခဲ့ကြရတယ်
ဒါဟာဘယ်သူ့အပြစ်မှမဟုတ်ပါဘူး
ဝဋ်ကြွေးရှိလို့ပဲဖြစ်မှာပါလေလို့ပဲ ကိုယ်ဖြေသိမ့်ပါတယ်

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီWhere stories live. Discover now