အပိုင်း ☂️ ၁၁

28 6 2
                                        

Unicode

မိန်းကလေးရေ
ကိုယ်လာပြီလေ

နှစ်လေးရာကြာပြီးနောက်ဆုံးတော့ ကိုယ်မင်းရှေ့မှာမင်းကိုကြည့်နိုင်ခဲ့ပြီ

လိုက်ခဲ့ပါတော့
ကိုယ့်နောက်ကိုလေ နော်

............................

"ဟင် ဒါ ပိုးစုန်းကြူးလေးမဟုတ်လား"
"ပိုးစုန်းကြူးကဒီအချိန်ကြီးဘာလာလုပ်တာလဲ
ညလည်းမဟုတ်ဘဲ။ နောက်ပြီး ခုချိန်ကပိုးစုန်းကြူးထွက်တဲ့ရာသီလည်းမဟုတ်ပါဘူး"

တစ်ယောက်တည်းရေရွတ်ရင်း သူမရှေ့တွင်ပျံနေသောပိုးစုန်းကြူးလေးကိုဆက်၍ကြည့်နေမိသည်။ ခေါင်မိုးရှိထုတ်တန်းတွင်ပျံရင်းနှင့် အောက်ကိုနိမ့်၍နိမ့်၍ ဧကရီနားကိုတိုးကပ်လာလေသည်။ သူမကလန့်၍နောက်ဆုတ်မိသွားရာ ထိုကောင်လေးကပါ နောက်ဆုတ်လိုက်သလိုရွှေ့သွားသည်။ ပြီးမှတဖြည်းဖြည်းချင်းပြန်လည် နီးကပ်လာပြန်သည်။
သည်တစ်ခါတော့ သူမအသာငြိမ်နေလိုက်သည်။ ပိုးစုန်းကြူးတစ်ကောင် သူမနားပျံလာရုံဖြင့် ဘာမှမဖြစ်နိုင်ဟုထင်မိသည်။ (နားထဲဝင်သွားတာကလွဲရင်ပေါ့)

ပိုးစုန်းကြူးကလေးသည် သူမကိုဝေ့ဝိုက်ကာပျံနေရင်းဖြင့် တဲမှအပြင်ထွက်သောတံခါးပေါက်ဆီသို့တန်းတန်းမတ်မတ်ပျံထွက်သွားလေရာ ဧကရီမတ်တပ်ရပ်လျက်ကျန်နေခဲ့သည်။

"ဘာလဲဟ ဒီကောင်လေးက၊ ခုနကငါ့နားမှာပတ်ပျံနေတာပဲ။ မဟုတ်မှလွဲရော အိပ်မက်ထဲကအတိုင်း..."
အိပ်မက်ထဲကသူမ ပိုးစုန်းကြူးကိုနမ်းလိုက်‌သော ‌မြင်ကွင်းက မျက်လုံးထဲပြန်မြင်လာပြန်သဖြင့်

"ဟာ ဒါအိပ်မက်သက်သက်ပဲဟာ
ငါလျှောက်မတွေးနေသင့်ပါဘူးလေ"

ထိုင်ခုံလက်ရန်းတွင်တင်ထားသော စာအုပ်နှင့် ခဲတံကိုယူလိုက်ပြီး အပြင်ထွက်လာခဲ့ရာ သူမ မည်သည်ကိုမြင်လိုက်ရသည်ဟု ထင်ပါသနည်း။

အခန်းထဲမှာတွေ့ခဲ့သော ပိုးစုန်းကြူးလေးက အဝေးကြီးမသွားလိုက်ပဲ သူမဆီကိုရောက်လာကာ ဝေ့ဝဲပျံသန်းနေခြင်းဖြစ်ပါ၏။ ပုံစံက သူမကိုစောင့်နေသလိုလိုနှင့်။ ဧကရီခေါင်းလေးကို မြန်မြန်ဆန်ဆန်ခါရမ်းလိုက်ခြင်းဖြင့် သူမခေါင်းထဲကရူးကြောင်ကြောင်အတွေးများကိုထုတ်ပစ်လိုက်သည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDove le storie prendono vita. Scoprilo ora