အပိုင်း 🌷၇

21 6 1
                                    

Unicode

လပြည့်နေ့ဆို ကိုယ်တအားပျော်တယ်သိလား

မင်းနဲ့ကိုယ်ပထမဆုံးတွေ့ကြတာ လပြည့်နေ့ပဲလေ

ညဘက်ဆိုမင်းကဒန်းလေးပေါ်မှာထိုင်ရင်း ပိုးစုန်းကြူးလေးတွေနဲ့ ဆော့ကစား

ကိုယ်ကတော့ မင်းဘေးမှာနားလိုက် မင်းမျက်နှာလေးကိုကြည့်ရင်း ဝေ့ဝိုက်ပျံလိုက်ပေါ့ကွယ်

တစ်ခုတော့ကိုယ်စိတ်မကောင်းဘူးကွယ်
မင်းလေးကကိုယ်ရှိနေမှန်းတောင်သိတာမဟုတ်ဘူး

လပြည့်နေ့ ကိုယ်လူ့အသွင်ပြောင်းတဲ့အချိန်မှပဲ မင်းကမှတ်မိနိုင်တာကိုး

မင်းကတော့ အဲအချိန်ကသိမှာမဟုတ်ဘူးဆိုပေမယ့် မင်းရဲ့အနားအမြဲရှိနေခဲ့ပြီး မင်းကိုတိတ်တခိုးချစ်မိနေခဲ့တဲ့ ပိုးစုန်းကြူးလေးကိုယ်ပါကွယ်

...................

အိမ်ပြင်တွင်အိမ်သာတစ်ဆောင်ပတ်ဝန်းကျင်၌ ကောင်လေးနှစ်ယောက်တို့သည် ကုပ်ချောင်းကုပ်ချောင်းဖြစ်နေကြသည်။
အိမ်သာအတွင်းမှကောင်လေးသည်လည်း ကျီးကန်းတောင်းမှောက်သကဲ့သို့ဂနာမငြိမ်။

တက်တက် တက် တက်တက် တက်

(မင်းမြတ်) "ဒါဘာသံကြီးလဲမသိဘူး
အောင်ဇင်ဟိန်း မင်းပြောထားတာနော်"

(အောင်) "အယ် ငါလည်းမသိဘူးနော်
ငါ့ကြောင့်ဖြစ်တာမဟုတ်ဘူး"

တက်တက်တက်တက်တက်တက်

အသံကပို၍စိပ်ကာဆက်လာသောအခါ သူတို့လည်းမနေနိုင်တော့၊
မျက်လုံးများကပြူးပြူးပြဲပြဲနှင့် သူများတွေ့လျှင်သူတို့ကိုသရဲလို့ပင်ထင်နိုင်သည်အထိ။

လေကလည်းပိုကြမ်းလာသည်။ အသံဗလံများကလည်းဆူညံကာ ဘေးကသစ်ပင်ကြီးမှသစ်ရွက်များကတရွှတ်ရွှတ်နှင့်ဖြစ်နေ၍ လိပ်ပြာလွင့်ချင်နေတော့သည်။

သူတို့သုံးယောက်မှာထ၍ပြေးရတော့မလိုလို၊ ငြိမ်နေရတော့မလိုလို၊ နေရာမှာပဲခွေယိုင်ကာလဲကျရတော့မလိုလို ဖြစ်နေကြရသည်။

မည်းမည်းအရိပ်ကြီးသစ်ပင်ပေါ်ကများဆင်းလာမလား၊
ခြုံပုတ်တွေကြားထဲကနေထွက်လာမလား၊
တောင်ပေါ်ကိုပြေးတက်လာပြီး ကြောက်မက်ဖွယ်ရာအသံနက်ကြီးဖြင့်အော်ဟစ်လေမလား၊ အတွေးပေါင်းများစွာဖြင့်ကြောက်လန့်နေကြလေသည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDonde viven las historias. Descúbrelo ahora