အပိုင်း 💫 ၂၃

33 3 7
                                    

Unicode

--------- လမ်းရှိ ခြံတစ်ခြံရှေ့တွင် သူမ ကားထိုးရပ်လိုက်၏။ ကားနောက်ခန်းက ပိုက်ဆံထုပ်ကိုလှမ်းယူလိုက်ရင်း ကားပေါ်မှာဆင်းလိုက်သည်။ အိမ်နှင့်ခြံတစ်ခုလုံးကို သူမဝေ့ဝိုက်ကြည့်ပစ်လိုက်၏။

ဟွန်းးးး

အိမ်ကြီးအိမ်ကောင်း၊ ခြံဝန်းကျယ်ကျယ်နှင့် အဆင့်မြင့်မြင့်နေနိုင်သော်လည်း လူတစ်ယောက်၏ အပေါ်ယံလွှာကိုသာ ငွေကြေးကဖုံးထားနိုင်သည်မို့ သတိမထားမိ။ သကာရည်ဖုံးထားသော ခွေးလှေးယားသီးအတွင်းစာကိုတော့ သူတို့နှင့်ပတ်သတ်ဖူးသူတို့သာသိလိမ့်မည်။

ဧကရီ ခြံဝန်းထဲသို့ တန်းတန်းမတ်မတ်ဝင်လာခဲ့သည်။

သူ့သခင်ပြန်လာပြီထင်သောကြောင့် ပြေးလာသည် တယ်ရီယာခွေးပုလေးနှစ်ကောင်က တန့်သွားပြီး ထဟောင်လေ၏။ ခွေးဟောင်သံကြောင့် အိမ်အကူတစ်ယောက်ပြေးထွက်လာသည်။

"ဘယ်သူပါလဲ၊ ဘယ်သူနဲ့တွေ့ချင်လို့လဲ"

မေးပုံက အချိုးမပြေ။
မျက်နှာက လောက်စာလုံးအက်ကွဲ။

"ဟုတ်ကဲ့ ကျွန်မ ဒေါ်မြင့်မာနဲ့ တွေ့ချင်လို့ပါ
သူ့ကို ပေးစရာလေးရှိလို့ပါ"

"အထဲဝင်ပါ"

အမှန်တော့ ထိုမိန်းကလေးသည် သူမကိုသိသည်။ အရင်က ငွေလိုအပ်တော့ လာချေးစဥ်က သူမနှင့်တွေ့ဖူးသည်။ သို့သော် မမှတ်မိချင်ယောင်ဆောင်နေကာ မတူမတန်လာလုပ်နေသဖြင့် ပို၍ရိုကျိုးကာဖြေပေးလိုက်သည်။

"ဟုတ်ကဲ့ရှင့်
အိမ်ထဲဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်"

ဟိုတစ်ယောက်မျက်နှာက ပိုတောင်ရှုံ့သွားသေးသည်။ သူ့အောက်က ခွေးနှစ်ကောင်က အပောင်သေးသလောက် လေကျယ်နေသဖြင့် ဆောင့်ကန်ချင်စရာ။

.......

ဧည့်ခန်းရှိ ဆက်တီပေါ်ထိုင်ရန်ပြင်လိုက်စဥ် အိမ်ပေါ်ထက်လှေကားဆီမှ ခြေသံကြားသဖြင့် မတ်တပ်ပြန်ရပ်လိုက်သည်။ ဒီအိမ်မှာ ကြာကြာနေချင်သူမဟုတ်သဖြင့် မြန်မြန်ပေး မြန်မြန်ပြီးရော ဆိုကာ ရပ်နေခြင်းဖြစ်သည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီNơi câu chuyện tồn tại. Hãy khám phá bây giờ