အပိုင်း 🔷 ၂၆

47 2 1
                                    

Unicode

အချစ်ရေ

မနက်မိုးလင်းခါနီးလောက်မှ အိပ်မက်မက်တယ်

အိပ်မက်ထဲမှာ ကိုယ်ရယ် အချစ်ဆိုတဲ့ လလေးရယ် တောထဲမှာ ပြေးလွှားနေကြတာတဲ့

တစ်ယောက်လက်တစ်ယောက်ဆွဲပြီးတော့လေ

ကိုယ်တို့တွေ တစ်ယောက်နဲ့တစ်ယောက်ပြုံးပြီးကြည့်နေကြတယ်

ဒါပေမယ့် ဘယ်က ရောက်လာမှန်းမသိတဲ့ မြူခိုးတွေကြောင့် လလေးကို ကိုယ်ရှာမတွေ့တော့ဘူး

နာမည်ကိုအော်ခေါ်လို့ ရှာကြည့်လည်း လလေးဆီက ပြန်ဖြေသံမကြားရဘူး

ကိုယ်တစ်ယောက်တည်း ဘယ်ကိုသွားလို့သွားရမှန်းမသိ လလေးကို တကြော်ကြော်ခေါ်ရင်းလိုက်ရှာနေမိတာ၊

တကယ်ပဲ အိပ်မက်ထဲမှာလည်း လလေးမရှိရင် ကိုယ်မနေနိုင်ဘူးပဲ

...

ဒီနေ့ ကိုယ် မင်းဆီလာခဲ့တယ်

အရင်ကလိုပဲ မင်းလေးဆီမှာ အန္တရာယ်တွေဝိုင်းနေတုန်းပါပဲလား။

တကယ်စိတ်ပူမိတယ်

ဒီလိုအခြေအနေမျိုးနဲ့ ကိုယ်မရှိတဲ့အချိန်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတာလဲ

အရမ်းပင်ပန်းခဲ့မှာလား

အရမ်းပျော်ခဲ့လား

သတိရတဲ့စိတ်ကလေးရောမဖြစ်ခဲ့ဘူးလား

ကိုယ်ကတော့ မင်းကိုမတွေ့ရတဲ့အတောအတွင်း မင်းအကြောင်း မတွေးမိတဲ့ရက်ဆိုလို့တစ်ရက်မှမရှိခဲ့ပါဘူး

အစ်မကြားရင် "မယားတရူး" လို့ပြောဦးမှာ

မင်းကိုပြောပြရင်တော့

"ပိုတော်မူတယ်ရှင်"

လို့များ‌ပြောရင်း ပါးလေးနီတက်လာမလားနော်။

🔸🔸🔸🔸
*Jade heart Legendary*
🔸🔸🔸🔸

(လဲ့) "အန်တီသူဇာရေ
သမီးတို့ပြန်လာပြီ....."

ဒေါ်သူဇာက ကြိမ်ကုလားထိုင်ပေါ်ထိုင်ကာ စာအုပ်ဖတ်နေရင်း ခြံဝမှ လဲ့၏အသံစာစာကိုကြားလိုက်၍ အပြင်ထွက်လာသည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီWhere stories live. Discover now