အပိုင်း☂ ၅

22 6 1
                                    

Unicode

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

"လဲ့ရေ... လေးချစ်ပြောတဲ့ အဲဒီတောအုပ်ကြောင်းကို နင်ယုံလား"

ဧကရီက အိပ်ရာပြင်ရင်းနှင့် လဲ့ကိုမေးရာ သူမကခေါင်းလေးစောင်းကာဖြေသည်။

"မသိဘူးလေ၊ ငါတို့ငယ်ငယ်ကတည်းက လေးချစ်က အဲ့ဒီအကြောင်းနဲ့ ခြောက်လာတာပဲ
ငါထင်တာကတော့ တောအုပ်က မှောင်မိုက်ပြီး ကြောက်ဖို့ကောင်းတာမို့ မသွားရဲအောင် သတိပေးတာလို့ထင်တယ်"

(ဧကရီ) "ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတွေဆိုတာ လူငယ်တွေထက် အတွေ့အကြုံ၊ ဗဟုသုတစုံတာမို့
သူတို့စကားနားထောင်တာ ငါတို့အတွက် အကျိုးမယုတ်ပါဘူး"
ဟုဆိုကာ စောင်ကိုယ်စီခြုံလျက် အိပ်လိုက်ကြလေတော့သည်။

💤 💤 💤 💤 💤 💤 💤 💤 💤

လေအေးအေးလေးက နှစ်ခြိုက်စွာအိပ်မောကျစေသည်။ ပြတင်းပေါက်ဖွင့်ထားသဖြင့် ထိုမှတစ်ဆင့် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ်နှင့်တောက်ပနေသည်ကိုတွေ့ရသည်။ ဟိုးအဝေးဆီမှ ဇီးကွက်အော်သံကိုလည်း လေသင့်လျှင် တစ်ချက်တစ်ချက် ကြားနေရသည်။ အေးဆေးငြိမ်သက်၍ ငြိမ်သက်သောညတစ်ညဖြစ်လေသည်။

"တောအုပ်ကြီးထဲကိုလာခဲ့ပါ၊ မြန်မြန်လာခဲ့ပါ ငါတို့စောင့်နေတယ်...သူစောင့်နေတယ်၊ ကျေးဇူးပြုပြီးလာခဲ့ပေးပါ ဧကရီလှိုင်"

မျက်လုံးများဖြတ်ခနဲ ပွင့်လာသည်။ ကိုယ်ပေါ်တင်ထားသော စောင်ပါးလေးကိုအသာဖယ်၍ ဧကရီရေသောက်ရန်ထထိုင်လိုက်သည်။ ခေါင်းရင်းမှရေဘူးလေးကိုသောက်ပြီး အဖုံးပိတ်ကာ မူလနေရာထားချိန်၌

"ဝူးးးးးးးး"

သူမကိုယ်လေးဆတ်ခနဲ လှုပ်သွားသည်အထိ ထိတ်လန့်သွားသည်။ ဘေးမှအိပ်နေသူများလည်းယောင်ယမ်းကာထထိုင်ကုန်ကြသည်။ အအိပ်ကြီးသော စုသက်ထားပါနိုးလာသည်ဆိုတော့ မာ်မျှကျယ်သည်ကို တွေးကြည့်ကြပေလော့။

(ပြုံးရည်လဲ့) "ဘာဖြစ်တာလဲ ခုနကငါကြားလိုက်တဲ့အသံကြီးက ဘာကြီးလဲ"

(ဆောင်း) "အသံကြီးကကြောက်စရာကြီး"

(စုသက်ထား) "သူခိုးကပ်တာလားမသိဘူးနော်"

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDonde viven las historias. Descúbrelo ahora