Unicode
"အဟင့် ဟင့်
ရွှတ် ဟွန့်ဟွန့်
ရွှိ..
ဟီးးးးးးးးး"
(လဲ့) "ကဲပါ ဝတ်ရည်ရယ်
တိတ်ပါတော့
အရမ်းငိုရင် မျက်အိတ်တွေဖောင်းပြီးမလှဘဲနေမယ်"
ဝတ်ရည်က မျက်ရည်များကြားမှ
(ဝတ်ရည်) "ငါကြောက်လို့ပါဟယ်
မနေ့တုန်းကတောင်အဆင်ပြေနေတာကို အခုမှဘာဖြစ်မှန်းမသိပါဘူး ဟင့်ဟင့်"
(ဧကရီ) "မငိုပါနဲ့တော့ဆိုနေမှ
မိတ်ကပ်တွေလည်းပျက်ကုန်ပြီ
ပြန်လိမ်းရတော့မှာပဲ
ဒါထက် မင်းမြတ်ကော ဘယ်ရောက်နေလဲ"
ပြောမှဆောင့်ဆောင့်ငိုတော့သည်။
(ဝတ်ရည်) "အဲဒီ အရူးကောင်အကြောင်းမပြောနဲ့
မနက်ကတည်းက ငါနဲ့မတွေ့သေးဘူး
လာတွေ့ပါဆို မလာဘူးတဲ့
အဲကောင်က ငါ့ကိုနှစ်သိမ့်ရမယ့်အစား တစ်ယောက်တည်းပြာယာခတ်နေတာ
.
ဝါးးးးးးးးးး"
(လဲ့) "လုပ်ကြပါဦး သတို့သားကပျောက်နေပြီး သတို့သမီးကရူးသွားပြီ"
ဝတ်ရည်ကိုအလယ်မှာထားကာ လဲ့နှင့် ဧကရီတို့က တစ်ဖက်တစ်ချက်စီမှာထိုင်နေရာ ဧကရီက လဲ့ကိုလှမ်းရိုက်သည်။
(ဧ) "ဟဲ့ ဘယ်လိုကြီးပြောနေတာလဲ
ဝတ်ရည်က စိတ်ညစ်ပါတယ်ဆို နင်ကတစ်မှောင့်"
(လဲ့) "စကြည့်တာပါဟယ်
ရယ်များရယ်လာမလားလို့
နင်တို့ထိုင်နေကြဦး
ငါ သတို့သားကိုလိုက်ရှာလိုက်ဦးမယ်"
(ဧ) "အေး
သွား သွား မြန်မြန်သွား"
(ဝတ်ရည်) "တွေ့ရင်ပြောလိုက်နော်
မြန်မြန်မလာရင် ဂုတ်ချိုးပစ်မှာလို့ အဟင့်ဟင့် ဟီးးး"
သတို့သမီး၏ကျယ်လောင်လှသော ရာဇသံကို ရင်ဝယ်ထားလျက် လဲ့သည် သတို့သားရှာပုံတော်ထွက်ခဲ့တော့၏။
.................
"ဟာ ဒီသကောင့်သား ဘယ်ဂြိုဟ်ရောက်နေသလဲဟာ..."
မင်္ဂလာခန်းမကြီးသည်ကျယ်ဝန်းလှသည်။ ဝတ်ရည်နှင့်မင်းမြတ်တို့က လူချမ်းသာသားသမီးစာရင်းထဲပါသဖြင့် ပွဲမှာခြိမ့်ခြိမ့်သဲစည်ကားမည်ဖြစ်သည်။
STAI LEGGENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Storie d'amore💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...
