အပိုင်း 🦗 ၁၈

36 5 1
                                    

Unicode

နောက်တစ်နေ့မနက်။

ညကမိုးရွာထားသဖြင့် လမ်းပေါ်တွင်ရေကွက်၊ ဗွက်အိုင်များအိုင်ထွန်းနေသည်။ မြေနီဖြစ်သောကြောင့် မိုးရေများရောနှောနေသည်မှာ လက်ဖက်ရည်ပေါ့ကျတစ်ခွက်လို နီကျင်ကျင်ဝါတာတာနှင့် မြောင်းများတွင်စီးဆင်းလျက်ရှိသည်။

မိုးစက်များ၏အဟုန်ကြောင့် ကြွေကျထားသော သစ်ရွက်ခြောက်များလည်း မြေပြင်ပေါ်တွင် တစ်စု တစ်စုနှင့် ဟိုဟိုဒီဒီပြန့်ကျဲနေ။

နေရောင်ကတော့ မနေ့ကမိုးရွာ၍ တိမ်လွှာအောက်တွင်ပုန်းလျှိုးနေရသည်ကို မကျေနပ်သည့်အလား ဒီနေ့မှအတိုးချ ရွှေစက်ြာဖြန့်ကျက်နေလေသည်။

အပင်တစ်ပင်ပေါ်မှ စကားတွတ်ထိုးနေသော ဆက်ရက်တစ်စု၏ဆူဆူညံညံအော်သံများကြောင့် မဖွင့်ချင်သေးသော မျက်လုံးများက ပွင့်လာရတော့သည်။

ဖွင့်လာပြန်တော့လည်း ထရံပေါက်ကစူးရှပွင့်လင်းသော နေပျောက်တို့နှင့် မျက်လုံးကိုတိုးတိုက်မိလိုက်သေး။

မျက်လုံးကို ဖွင့်ပိတ် ဖွင့်ပိတ်လုပ်ရင်း ဧကရီတစ်ယောက် အိပ်ရာမှထလာလေသည်။

ငါ ဒီအခန်းထဲကိုရောက်နေတာပဲ။ ဒီအခန်းကိုဘယ်လိုရောက်လာတာလဲ။
ငါမနေ့က ဒီမှာလာအိပ်တာလား။
ဒါက ခါတိုင်း လဲ့နဲ့အိပ်တဲ့အခန်းမှမဟုတ်ဘဲ။

အိပ်ချင်မူးတူးနှင့်တွေးတောနေစဥ် ပေါင်မုန့်ထုပ်ကိုင်ရင်း အခန်းထဲဝင်လာသူ လဲ့ကိုတွေ့လိုက်ရသည်။

"ဟေ့ လဲ့ရေ"

"အဲ့  ဟဲ့"

"ဟဲ့ ဘာလုပ်တာလဲ"

နှုတ်ဆက်လို့မှမဆုံးသေးခင် ပေါင်မုန့်ထုပ်ကြီးပစ်ချကာ ဒရောသောပါးပြေးလာသောလဲ့၏ ဆွဲဖက်ခြင်းကိုခံလိုက်ရသည်။

(လဲ့) "ဧကရီလှိုင် ကောင်မစုတ်
နင့်ကို ငါဒီလောက်မသွားပါနဲ့လို့ အသေအချာပြောထားတာတောင် စကားအရမ်းနားထောင်တယ်နော်။
ကလေးလည်းမဟုတ်ဘဲနဲ့ တောထဲကို ဘာသွားစပ်စုရတာလဲဟဲ့ မ -ာ မရဲ့"

လဲ့က အော်ကာပြောနေသဖြင့်

(ဧကရီ) "ဟယ် ဘလိုင်းကြီးပါလား
ငါကဘယ်မှာဘာသွားလုပ်မိလို့ ငါ့ကိုဒါမျိုးတွေလာပြောနေရတာလဲ။
ဘာလဲ ဘာတောထဲလဲ၊ တောထဲမှာဘာရှိလို့ ငါကသွားရမှာလဲ၊ ကပေါက်တိကပေါက်ရှာတွေ"

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီHikayelerin yaşadığı yer. Şimdi keşfedin