အပိုင်း ❄၄

18 6 0
                                    

Unicode

တစ်ခါတလေစဉ်းစားမိတယ်သိလား

ကံကြမ္မာဆိုတဲ့အရာကဘာလဲဆိုတာ

အဲဒါက ဖန်တီးပေးတဲ့အရာလား ဒါမှမဟုတ် ဖြိုခွဲဖျက်ဆီးတဲ့အရာလား

သေချာတာကတော့ ကံကြမ္မာဆိုတာ ကိုယ်တို့နှစ်ယောက်ကို မမြင်နိုင်အောင်လှည့်စားပြီး လျှို့ဝှက်ခြင်းပေါင်းများစွာဖုံးကွယ်လို့ မျှော်လင့်ချက်ကိုနင်းချေပစ်တဲ့အရာလို့ ကိုယ်တော့ အမည်ပေးကင်ပွန်းတပ်ချင်တယ်

မင်းနဲ့ကိုယ်ရဲ့ဇာတ်လမ်းဟာ နှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တယ်။ မင်းကို ချစ်ခွင့်ရခဲ့တယ်၊ မြတ်နိုးခွင့်ရခဲ့တယ်၊ ကြင်နာခွင့်လည်း ရခဲ့တယ်၊
ကိုယ့်ဘဝမှာ မင်းနဲ့တွေ့တဲ့အချိန်ကလွဲရင် ငရဲခန်းကြီးပါလို့ပြောရင်...ယုံမလား၊

ဟုတ်သားပဲ
မင်းကမမှတ်မိတော့ဘူးလေ

ဒါပေမယ့် မပူပါနဲ့
ကိုယ်မင်းကို ​ပြန်တွေ့ရင်ပြောပြမယ်နော်၊
မကြာတော့ပါဘူး ကိုယ့်ဆီမင်းရောက်လာမယ့်အချိန်က ကိုယ်စောင့်နေခဲ့တဲ့ နှစ်ပေါင်းလေးရာနဲ့ယှဉ်ရင်ခဏလေးပါ၊

လာခဲ့နော်၊ ကိုယ်ကတော့ စောင့်နေတုန်းပဲ
.
.
.
.

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

မနက်ခင်း၏ပွင့်လင်းသောရောင်ခြည်တွင် ငှက်ကလေးတို့ သစ်ပင်များကြား၌နိမ့်ချည်မြင့်ချည်ငုပ်လျှိုးပျံတက်ဆော့ကစားနေကြသည်။ လိပ်ပြာရောင်စုံတို့က ဥယျာဉ်ရှိပန်းပွင့်လေးများကို တို့ကနန်းဆိတ်ကနန်း ထိတွေ့နေကြသည်။ ညကမိုးရွာခဲ့သဖြင့် တံစက်မြိတ်မှကျလာသောရေစက်လေးများကိုခံယူကာ ခုန်ဆွခုန်ဆွရေချိုးနေသည့် စာကလေးခေါင်းမည်းကလေးကိုကြည့်၍ လဲ့၏စိတ်ထဲတွင် ငှက်ကလေးနှင့်အပြိုင်ရေဆော့ချင်စိတ်များပေါက်လာသည်။

ပြတင်းပေါက်မှ လေချိုအေးကလေးကခန်းဆီးလိုက်ကာနှင့်တကွ သူမမျက်နှာကို လျှောတိုက်ကစားလိုက်သည်။ သဘောကျဟန်နှင့်ရယ်လိုက်စဉ် မျက်လုံးကလေးကမှေးသွားပြီး ပါးနှစ်ဖက်ဆီမှပါးချိုင့်လေးတွေက နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားသည်။ နာမည်နဲ့လိုက်အောင်ပင် အရည်လဲ့လဲ့လေးပြုံးလိုက်ရင်း နောက်ကိုလှည့်ကြည့်လိုက်တော့ အိပ်ရာကထလာကတည်းက နှုတ်ခမ်းကိုပွတ်လိုက် စဉ်းစားလိုက်လုပ်နေသော ဧကရီလှိုင်ကိုတွေ့သည်။ သူမက စချင်ချင်နှင့်

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီWhere stories live. Discover now