Unicode
(မျိုးမာန်စစ်) "ဘာလဲ ဘာဖြစ်တာတဲ့လဲ။
သရဲခေါင်းပြတ်ကြီးထွက်လာရောတဲ့လား
ငါသိချင်နေပြီ မြန်မြန်ပြောပါ"
(ဝတ်ရည်) "နင်ကကြားဖြတ်ဝင်ပြောနေမှာတော့ လဲ့ကပြောလို့ရဦးမလားဟဲ့"
(ပြုံးရည်လဲ့) "အေး ဟုတ်တယ်၊ နင်တို့ပဲပြောလိုက်ကြပါတော့၊ နင်တို့ပြီးမှပဲငါဆက်ပြောတော့မယ်
ဒီမှာအမောခံပြီးပြောပြနေတာကိုကျေးဇူးမတင်ဘဲစကားကဖြတ်ပြောလိုက်သေးတယ်"
(ဆောင်း) "ဟုတ်တယ်ဟာ နင်တို့ကလည်း တိတ်တိတ်နေကြစမ်းပါတော့ဟာ
ဟိုမှာပြောတော့မယ် ဆက်နားထောင်"
(ပြုံးရည်လဲ့) "ဒီမယ် ငါဆက်ပြောမယ် တိတ်တိတ်ကြ"
"အဘွားမှီထားတဲ့သစ်ပင်ကြီးဟာ နောက်ကိုဆုတ်သွားတယ်၊ အဘွားလည်းဟန်ချက်မထိန်းနိုင်ဘဲ နောက်ကိုလန်ကျသွားတယ်။
နောက်ဆုတ်သွားတဲ့သစ်ပင်ကြီးကနေ နွယ်ပင်တွေဆင်းလာပြီး အဘွားကိုရစ်ပတ်ကြတာပေါ့။
နွယ်ပင်တွေက ရုန်းလိုက်တိုင်းပိုတင်းလာတာမို့လို့ ကယ်ဖို့အတွက်အော်ခေါ်နေရတော့တယ်
ဒါပေမယ့်အသံကပျောက်နေတယ်လေ၊ အဘွားလည်းအားငယ်ပြီးငိုနေရတော့တယ်
အဲ့လိုငိုနေတဲ့အချိန်ခေါင်းထဲကို အတွေးတစ်ခုဝင်လာတယ်
ဒီနေရာမှာ ငါတစ်ယောက်တည်း၊ ဘယ်သူမှကူညီမယ့်သူမရှိဘူး၊ ဒါကြောင်းကိုယ့်အားကိုယ်ကိုးရမယ်ဆိုပြီး စဥ်းစားမိသွားတယ်
လက်မှာရစ်နေတဲ့ နွယ်ပင်တွေကိုတတ်နိုင်သမျှအားရှိသလောက်ရုန်းပစ်လိုက်တာ လက်တွေလည်းပွန်းရှကုန်ပါရော
ဒါပေမယ့် နွယ်တွေကအနည်းငယ်ပြေလာခဲ့တယ်။ အဆိုးထဲကအကောင်းပေါ့လေ
လွတ်သွားတဲ့လက်တစ်ဖက်က ဓားမတိုကိုလှမ်းဆွဲပြီး ကျန်လက်တစ်ဖက်ကိုပတ်နေတဲ့နွယ်ပင်ကိုလှမ်းခုတ်ဖြတ်လိုက်တယ်
ခြေထောက်ကနွယ်တွေကိုပါဖြတ်ပစ်လိုက်ပြီး အတင်းရုန်းကန်ထလို့ပြေးရတယ်
ပြေးရင်းနဲ့နောက်ကိုလှည့်ကြည့်လိုက်တော့ နွယ်ပင်တွေက မြွေတွေလိုအဘွားနောက်ကနေလိုက်နေပါရော
အဘွားလည်းရှိသမျှအားကုန်ထုတ်ပြီးပြေးရင်း ရှေ့မှာ တောအုပ်ကနေ အပြင်ထွက်ဖို့ အလင်းရောင်သေးသေးလေးကိုသွားတွေ့တယ်
အဘွားစိတ်အားတက်သွားပြီး ပြေးနေတဲ့အရှိန်ထက်ပိုပြီးပြေးလိုက်တာ ခြေထောက်နဲ့မြေကြီးတောင်ထိတော့မယ်မထင်ဘူးကွယ်
YOU ARE READING
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...
