Unicode
ပတ်ဝန်းကျင်မှာ ချာချာလည်နေပြီး ယိုင်တိယိုင်တိုင်ဖြစ်နေသည်။
"တစ်ယောက်တည်းလာမိတာငါ့အမှားပဲ"
ဧကရီ ဝမ်းနည်းစွာတွေးနေမိပြီ။
ထိုလူများက ဧကရီ့ကိုတစ်နေရာခေါ်သွားဖို့ကြံထားသည်။
ကားနောက်ဖုံးတံခါးကို ပိတ်ရန်လုပ်စဥ် ထိုလူ၏ခေါင်းမှသွေးများဖြာခနဲကျကာ အော်လျက်လဲကျသွားသည်ကို ခေါင်းဆောင်မြင်လိုက်သည်။
လဲကျသွားသူနောက်လိုက်မှာ ပြန်ပင်မထနိုင်တော့ချေ။ သူ့ဘေးမှာက သစ်ငုတ်တိုတုတ်တုတ်တစ်ခု။
ထိုသူလဲကျသွားချိန်၌မှာပင် ခေါင်းဆောင်ဘေးမှလူနှစ်ယောက်လည်း လည်ပင်းများကိုလက်နှင့်ကိုင်ရင်းလဲကျသွားသည်။
လဲကျသူသုံးယောက်နှင့် ခေါင်းဆောင်ဦးဆောင်သောအုပ်စု ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်၏။ လျှပ်တစ်ပြက်ဖြစ်သွားခြင်းကြောင့် ဘေးဘီကိုကြည့်ချိန်မရလိုက်။
အခြေအနေကိုငြိမ်သက်အောင်အမြန်ထိန်းပြီသည့်နောက် သူတို့ရှေ့တွင်ရပ်နေသူတစ်ယောက်ကိုတွေ့ရသည်။ ခုနက ထိုလူလုံးဝမရှိခဲ့။
သူတို့တိုက်ခိုက်ခံရတုန်းကလည်း ဘေးဘီတွင်ဘယ်သူမှမရှိ။ အခုမှရုတ်တရက်ပေါ်လာသည်ဟု ထင်မှတ်ရသည်။ရှပ်ကော်လံလက်တိုနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသော-
လက်တစ်ဖက်တွင် ဖဲကြိုးတစ်စသာကိုင်ထားသော-ထီမထင်မျက်နှာပေးနှင့် သူ။
မျက်လုံးများက သူတို့အုပ်စုဆီကိုဦးတည်စိုက်ကြည့်နေ၏။
ထိုလူစကားစပြောသည်။
လေသံလည်းမမာဘဲ အေးအေးဆေးဆေးသာပြောလိုက်သောအသံ။
"သူ့ကိုလွှတ်လိုက်ပါ"
"ဟက်."
လူမိုက်များဘက်မှခေါင်းဆောင်က "ဟက်"ခနဲတစ်ချက်ရယ်လိုက်ပြီး ထိုလူအကြည့်ထက်မလျော့သော မျက်လုံးအစုံဖြင့်စိုက်ကြည့်ကာ
"ဒီမှာ
စီးပွားရေးလုပ်နေတာကို ဘာမှအနှောင့်အယှက်လာမပေးပါနဲ့

ESTÁS LEYENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...