အပိုင်း🍃၈

21 6 0
                                    

Unicode

နှစ်ပေါင်းလေးရာရှိပြီနော်
မင်းကိုစောင့်ခဲ့တာ
မင်းကိုယ့်ဆီရောက်လာတော့မယ်ဆိုတာ
ကိုယ်သိပါတယ်

အကြာကြီးစောင့်လာပြီးပြီဆိုတော့လည်း
အချိန်ခဏလေးဆိုတာဘာမှတော့မပြောပလောက်ပါဘူးလေ

ဘာလို့လဲမသိဘူး
မင်းကိုတွေ့ဖို့မဝံ့မရဲတော့ဖြစ်မိတယ်

🍃   🍃   🍃   🍃   🍃   🍃

"ဟာ ဒါကိုမပြောဘူးဆိုတာ မပြောသင့်ပြောသင့်ချိန်နေရလို့ကွ
ဘာမှနားမလည်ဘူး
မင်း သခင်မလေးက သူ့အကြောင်းကိုညအခါမှာပြောရင်တကယ်လာတတ်တယ်ကွ"

လေးချစ်ကစိတ်အိုက်စွာဖြင့်သူ့ရှေ့ကမအူမလည်အောင်ဇင်ဟိန်းကိုပြောလိုက်ရသည်။

(အောင်ဇင်ဟိန်း) "ဗျာ"

အောင်ဇင်ဟိန်းဆက်မဗျာလိုက်ရ။
ဘေးကမင်းမြတ်နှင့်မျိုးမာန်စစ်တို့ဝိုင်းထောင်းကြ၍ဖြစ်သည်။
သူ့အပြစ်နှင့်သူမို့ငြိမ်နေသောအောင်ဇင်ဟိန်းကိုတစ်လှည့်၊ ထောင်းနေသူ ငရုတ်ကျည်ပွေ့များကိုတစ်လှည့်၊ ဆူနေကြသောမိန်းကလေးများကိုတစ်လှည့်ကြည့်ရင်း ဧကရီစဉ်းစားနေမိသည်။

သူမ အိပ်မက်ထဲတွင်လာရောက်ပြောဆိုခဲ့သောမိန်းမတစ်ယောက်အသံက သူမ ထိုတောအုပ်ထဲကိုလာစေချင်သည်ဟုပြောသွားသည်။ စိတ်စွဲတာပဲလား။ တကယ်ကြီးလား။ စဉ်းစားမရတော့။

(လေးချစ်) "တော်တော့ တော်တော့ ကလေးတွေဆက်အိပ်ကြတော့လေ၊ မနက်မှမရောက်သေးတာ သွားအိပ်ကြတော့"

လေးချစ်ပြောတော့မှ သူတို့အိပ်ဖို့သတိရကြသည်။

ထို့နောက်အားလုံးသမ်းဝေ၍ ကိုယ့်နေရာမှာကိုယ်ပြန်အိပ်ကြတော့သည်။

ဧကရီလည်းမကြာမီပင်အိပ်ပျော်သွားတော့သည်။
မျက်နှာလေးကအေးချမ်းနေရာမှ မျက်ခုံးလေးကတစ်ခါတစ်ခါရှုံ့သွားသည်။ အိပ်မက်မက်ပြန်ပြီကိုးးး

မျက်လုံးမှိတ်ထားတာလား
မျက်လုံးဖွင့်ထားတာလား
မြင်နေရတာကတော့မှောင်မှောင်ကြီး
နေဦး တဖြည်းဖြည်းလင်းလာသားပဲ
မိုးပေါ်ကိုမော့ကြည့်လိုက်တော့
အို   လသာနေတယ်
လပြည့်ညများလား လကြီးကဝိုင်းစက်လို့
တိမ်တွေကလည်းကင်းစင် ပကတိကြည်လင်လို့

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang