Unicode
(အကြောင်းအရာ ၁)
ကိုယ့်ရဲ့စားပွဲပေါ်မှာလေ
မင်းဗိုက်ဆာရင်စားဖို့ ချောကလက်ဘီစကစ်တွေရှိတယ်
တစ်ခါက မင်းကြိုက်လို့အမြဲတမ်းထိုင်မွှေးနေချင်တယ်လို့ပြောဖူးတဲ့
ဒေါနပန်းအိုးငယ်လေးလည်းရှိတယ်
မင်းပျင်းရင် စာထိုင်ရေး ပုံလျှောက်ဆွဲဖို့
စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းရှိတယ်လေ
အားရင်ဖတ်ဖို့အတွက်
မင်းကြိုက်တယ်ဆိုတဲ့ စာရေးဆရာရဲ့ စာအုပ်
တွေကို ရှာဝယ်ထားတယ်ကိုယ့်စားပွဲရှေ့မှာလေ
စားပွဲပေါ်လက်မေးတင်ပြီး
ပြင်ပလေအေးလေးကိုရှူရှိုက်ဖို့ ပြတင်းတံခါးလေးရှိတယ်ခန်းဆီးလေးက မင်းအကြိုက်ဆုံးအရောင်လေးလေ။
ကိုယ့်စားပွဲဘေးမှာလေ
မင်းပျော်ရွှင်တိုင်း၊ ဝမ်းနည်းတိုင်း၊ မင်းနဲ့အတူမျှဝေခံစားပေးမယ့်
မင်းခံစားချက်တွေကို မျှဝေခံစားပေးနိုင်မယ့်
မင်းခံစားချက်တွေကို ရင်ဖွင့်ပြောပြနိုင်မယ့် ကိုယ်ဟာ ကိုယ့်ရဲ့ ထိုင်ခုံလေးကို မင်းထိုင်ခုံနဲ့ကပ်လျက်ထားထားလိုက်တယ်
ကိုယ့်ထိုင်ခုံဘေးက ဗီရိုပုကလေးပေါ်မှာ
ညရောက်လို့ မင်းစာဖတ်ချင်တဲ့အချိန်တွေလည်း ဖတ်လို့ရအောင်လို့ မီးအိမ်လေးတစ်လုံးထားပေးထားတယ်
ပြီးတော့ ကိုယ့်ကို တွတ်တီးတွတ်တာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ မင်းမောလာရင်သောက်ဖို့ ရေဘူးလေးလည်းတင်ထားတယ်လေ။
ဒါပေမယ့်
အချစ်ရယ်...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မင်းကဘယ်မှာလဲ......
~Jade Heart Legendary~
~~~~~~~~~~~~~~~~~~~~~ကားခဲရောင်လေးကို တစ်လှိမ့်ချင်းလှိမ့်မောင်းလာပြီးနောက် အိမ်တစ်အိမ်ရှေ့တွင်ရပ်လိုက်သည်။

ESTÁS LEYENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...