Unicode
အဖြစ်အပျက်မှာမြန်ဆန်လွန်းပြီး လျှပ်တပြတ်ဖြစ်သော်လည်း မောဟိုက်၍အလွန်ပင်ထိရောက်သည်။
လေအရှိန်ကြောင့် ပွထနေသော ဆံပင်များ၊ မိုးရေကြောင့် စိုထိုင်းနေသော အဝတ်နှင့်ကြမ်းခင်းများကို အသာထား၊ သူတို့အတွက်တော့ အရေးအကြီးဆုံးဟုသတ်မှတ်ထားသော ဖုန်းများကိုသာကပျာကယာယူ၍ရေသုတ်နေကြသည်။
ထို့နောက် ဖြစ်ပေါ်နေသော အခြေအနေကိုကြည့်၍ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ပြုံးစိစိ၊ မရယ်ချင့်ရယ်ချင်ရယ်ပြီး ပစ္စည်းများကောက်သိမ်းကြသည်။
ဆံပင်များပြန်ပြင်ကြသည်။ ကြမ်းခင်းများရေသုတ်ကြသည်။ ထို့နောက် အားလုံးခြေပစ်လက်ပစ်ထိုင်ချလိုက်ကြကာ ဘာစကားမှမပြောကြ။
ထိုအချိန်ကားထောင့်စွန်းတွင် ဆံပင်ပွယောင်းယောင်း၊ မျက်နှာတွင်သနပ်ခါးတစ်စက်မှမရှိတော့ဘဲ အင်္ကျီနှင့်စကတ်များ ရေစိုထိုင်းထိုင်းနှင့် ငုတ်တုတ်ထိုင်နေသော ဆောင်းနှင်းစက် တစ်ယောက် ဝါးလုံးကွဲအောင်ထရယ်လေသည်။
သူမ၏ရယ်သံကြောင့် ဘယ်ကတည်းကရယ်ချင်နေမှန်းမသိသော သူငယ်ချင်းတစ်စုလည်း တခွီးခွီး၊ တဟီးဟီး တဟားဟားနှင့် ရယ်ကြတော့သည်။
(ဆောင်း) "သိလားဟဲ့ ဝတ်ရည်
ဟီး ဟီးဟီး ခုနကလေတိုက်တော့ နင့်ဆံပင်ဖားလျားကြီးက လေထဲမှာလွင့်ပျံနေတာလေ
ခွေးစုတ်ဖွားကြီးလိုပဲဟ ဟား ဟားဟား"
(ဝတ်ရည်) "အောင်မယ် နင်ကပဲပြောရတယ်ရှိသေး၊ နင့်ကိုယ်နင်လည်းပြန်ကြည့်ပါဦး။
ပုတ်သင်ညိုရေစိုနေသလိုပဲ။ ငါ့ကိုမပြောပါနဲ့ဦး ဟဟ"
(အောင်ဇင်ဟိန်း) "အမျိုးသမီးတို့ သိပ်လည်းမရယ်ကြပါနဲ့၊ တော်ကြာအူတက်သေကုန်ဦးမှ ငါတို့ဆီ အမှုပတ်နေပါ့မယ်"
(မင်းမြတ်) "အူတက်သေမသေတော့မသိဘူး
သူတို့ရယ်တာ ကားခေါင်မိုးကြီးပွင့်ထွက်ပြီး ငါတို့တွေ ကားပေါ်ကလွင့်ကျခဲ့မှာစိုးရတယ်ဟ"
(ပြုံးရည်လဲ့) "လွင့်ကျရအောင် နင်တို့ခန္ဓာကိုယ်တွေက သိပ်ပေါ့လွန်းလို့"
ESTÁS LEYENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...
