Unicode
(အောင်ဇင်ဟိန်း) "ထထ မျိုးမာန်စစ်လေး ထ
မင်းအမေနှိုးနေတယ်"အောင်ဇင်ဟိန်းက မျိုးမာန်စစ်ကိုနှိုးမရသည့်အဆုံး မျက်နှာကိုသူ့လက်နှင့် ဘက်ကနဲအုပ်လိုက်ရာ
(မျိုးမာန်စစ်) "အူး.... ဝူးးးးးး"
(မင်းမြတ်) "ထမှာသာထစမ်းပါ၊ နွားသံတွေထွက်မနေနဲ့"
မျိုးမာန်စစ်က အလူးအလဲထလာပြီး
"ဘုရားဖူးသွားတော့မှာလားဟင်"
(အောင်ဇင်ဟိန်း) "ဟာ ဒီအချိန်ကြီးဘုရားဖူးသွားမလားဟ"
(မျိုးမာန်စစ်) "ဒါဆို မင်းမြတ်သေးပေါက်ချင်တယ်ဆိုပါတော့"
နှစ်ယောက်သားကြည့်လိုက်ကြပြီး ငုပ်တုတ်ထိုင်နေသူမျိုးမာန်စစ်ခေါင်းကို တစ်ချက်ချလိုက်သည်။
(မျိုးမာန်စစ်) "အား မင်းတို့ဘာလုပ်တာလဲ"
(မင်းမြတ်) "ခွေးကောင် မင်း ငါတို့ပြောတာ အကုန်ကြားရဲ့သားနဲ့၊ ဘာလို့မထလာလဲ ဟေ့ကောင်"
မျိုးမာန်စစ်ကထအော်သည်။
"ငါ့အိပ်မက်ထဲမှာ မင်းမြတ်ဆိုတဲ့ကောင် အိမ်သာလိုက်ရှာနေတာဟ၊ မတွေ့တော့ လမ်းမှာပေါက်ချ..."
(မင်းမြတ်) "တော်တော့ ဟျောင်၊ ငါအိမ်သာသွားမလို့ လိုက်ခဲ့"
(မျိုးမာန်စစ်) "ဟိုကောင်ကိုခေါ်သွားတော့ ဘာဖြစ်မှာမို့လို့လဲ၊ အိပ်နေတဲ့သူကိုလာပြီး ရှုပ်ရှုပ်ယှက်ယှက်"
(မင်းမြတ်) "အောင်ဇင်ဟိန်းက မင်းပါလိုက်မှ သူသွားမယ်တဲ့၊ မင်းတို့နှစ်ယောက်က သမီးရည်းစားတွေလား"
(မျိုးမာန်စစ်) "မဟုတ်ဘူး၊ အဲ့တော့မလိုက်ဘူး
ပြန်အိပ်မယ် ဒါပဲ"အောင်ဇင်ဟိန်းကလက်မလျှော့၊ မင်းမြတ်ကိုသူ့အကြံပြောပြလိုက်ရာ လက်မထောင်ပြသည်။
"ဟေ့ ဟေ့ မျိုးကြီး"
"ဟင်"
...............................
သူတို့သုံးယောက်အိမ်ပြင်သို့ထွက်လာကြပြီး အိမ်သာဆီသို့ ဦးတည်လာခဲ့တော့သည်။ အိမ်နှင့်အိမ်သာက အနည်းငယ်လှမ်းသည်။ မင်းမြတ်က အိမ်သာတံခါးကို ဆွဲဖွင့်ကာ ခုန်ဆွခုန်ဆွနှင့်ဝင်သွားသည်။ အောင်ဇင်ဟိန်းနှင့်မျိုးမာန်စစ်တို့ အိမ်သာရှေ့တွင်ထိုင်စောင့်နေကြသည်။ အတန်ကြာသော်
![](https://img.wattpad.com/cover/322002330-288-k914768.jpg)
ESTÁS LEYENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...