အခန်း 🌿 ၁၀

24 6 1
                                        

Unicode

                  နှစ်လေးရာကချစ်သူ

ဒီနေ့ကမင်းကိုယ်ဆီရောက်လာမယ့်နေ့နော်
ဘာလို့အဲ့လောက်သေချာနေလဲဆိုတော့
ကိုယ်မင်းကိုကိုယ်တိုင်လာခေါ်မှာဖြစ်တဲ့အတွက်ကြောင့်ပါ

မင်းလိုက်မလာခဲ့ရင်ရော?
လိုက်လာမှာပါ တကယ်ပြောတာ

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ

🌿   🌿   🌿 

ဧည့်ခန်းဘေး အတွင်းတံခါးပေါက်ကိုဖွင့်ကာဝင်လိုက်လျှင်မီးဖိုချောင်ရောက်သည်။ မီးဖိုချောင်၏ပြတင်းပေါက်မှတစ်ဆင့် စိမ်းစိုနေသောလိမ္မော်ခင်းကြီးကို ပြန့်ပြူးစွာမြင်နေရသည်။
ဧကရီသည် ဒေါ်လေးချိုလက်ရာကြက်သားငရုတ်ပွကြော်ကိုခံတွင်းတွေ့နေ၏။ ကြက်သားမငရုတ်ပွနံ့ကြောင့်သင်းသင်းအိအိလေး၊ ငရုတ်ပွကိုဝါးလိုက်တော့ တကျွတ်ကျွတ်မြည်သံကြောင့်ပြုံးသွားမိလေသည်။ ဟင်းတစ်မျိုးတည်းနှင့်ခြောက်ကပ်ကပ်ဖြစ်မနေစေရန်အတွက်လည်း မုန်ညင်းဟင်းရည်လေးပြင်ဆင်ထားသည်။
အိမ်ဘေးတွင်ယာခင်းလေးတစ်ခုရှိရာ မုန်ညင်း၊ ခရမ်း၊ အာလူး၊ ခရမ်းချဉ်၊ သခွား၊ ကန်စွန်း စသည်ဖြင့်စိုက်ပျိုးထားသဖြင့် ဈေး၌အထူးတလည်သွားဝယ်စရာမလိုတော့ပေ။ ထမင်းဝိုင်းတွင်ထိုင်သူမှာ ဦးစိုင်းခွန်ချစ်၊ ဒေါ်ချိုချိုထားနှင့် ဧကရီလှိုင်သုံးဦးတည်းသာ။

(လေးချစ်) "ဪ သမီး၊ ဧကရီ
သမီးဆီကို ပြုံးပြုံးတို့သူငယ်ချင်းတွေဖုန်းဆက်ကြသေးလား"

(ဧကရီ) "ဟင့်အင်း အခုထိတော့မဆက်သေးဘူးရှင့်"

(လေးချစ်) "ဩ သူတို့ကားစီးနေတုန်းထင်ပါရဲ့
ခုနတုန်းကတော့ ဦးလေးဆီဖုန်းခေါ်သေးတယ်။
ညောင်ရွှေရောက်နေပြီတဲ့၊ ခဏနေဖုန်းဆက်ကြလိမ့်မယ်ထင်တယ်"

(ဧကရီ) "ဟုတ်ကဲ့"

ဧကရီမှာစကားသိပ်မပြောတတ်သူဖြစ်၍ ဆက်ပြောရန်စကားစရှာမရသေးသဖြင့် စကားကထိုတွင်တင်ရပ်သွားသည်။ လူများနှင့်ရင်းနှီးမလွယ်တတ်သောသူမအကျင့်ကြောင့်လည်းပါသည်။

(ဒေါ်လေးချို) "ဒါနဲ့ သမီးရေ"

(ဧကရီ) "ရှင် ဒေါ်လေး"

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီOnde histórias criam vida. Descubra agora