အပိုင်း 🌬️ ၁၂

14 5 3
                                        

Unicode

နေ့တိုင်းသူမကို ကျွန်တော်ခိုးကြည့်ခဲ့တယ်
သူမကတော့သိမှာမဟုတ်ပါဘူး
သူမရဲ့နေပုံထိုင်ပုံလေးတွေက တခြားလူအတွက်တော့ မသိဘူး ကျွန်တော့်အတွက်တော့ ရင်ခုန်လှိုက်မောစရာကလေးဖြစ်နေခဲ့ပါတယ်

သူမကို ကြည့်ရင်းကြာလာတော့ ကိုယ်ဟာဘယ်အဆင့်မှန်းမေ့သွားခဲ့ပြီး သူမဆီအလွန်သွားချင်နေမိလို့ ကိုယ်တောင်မသိလိုက်ဘဲ သူမဆီရွေ့လျားလာမိတယ်

သူမကတော့ ကျွန်တော့်ကို ကစား‌ဖော်တစ်ကောင်အဖြစ် အပြုံးနွေးနွေးလေးနဲ့ပဲဆီးကြိုခဲ့ပါတယ်

သူမနဲ့အမြဲဆော့ကစားခွင့်ရခဲ့တယ်
သူမရဲ့အပြုံးချိုချိုကိုတွေ့မြင်ခွင့်ရခဲ့တယ်
သူမရဲ့ရယ်မောသံလွင်လွင်ကလေးကိုနားဆင်ခွင့်ရခဲ့တယ်

သို့ပေမယ့်ပေါ့
ထာဝရမင်းအတွက်ရှိနေပေးပါ့မယ်ဆိုတဲ့ကတိစကားကို မဖြစ်မနေဖြတ်လိုက်ရတဲ့အချိန် ကျွန်တော့်ရင်ထဲ နာကျင်ကြေကွဲခဲ့ရတယ်ဆိုတာကိုတော့ သူမကိုသိစေချင်ပါတယ်

သူမရဲ့ရှိုက်သံတွေကိုကြားနေရတယ်
သူမရဲ့မျက်ရည်တွေကို မမြင်ရက်လို့မျက်လုံးမှိတ်ထားခွင့်ပေးပါနော်

နာကျင်စရာအတိတ်တွေကို ပြန်လည်တူးဆွဖို့အတွက် ကိုယ့်နှလုံးသားက အဆင်သင့်မဖြစ်သေးပါဘူး ချစ်သူ

ဒါပေမယ့်ပေါ့လေ
တကယ်လို့များ အဲ့ဒီအချိန်ကိုပြန်သွားဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်လည်း ကျွန်တော်ဒီလိုပဲရွေးချယ်ခဲ့မှာပဲ

ကျွန်တော်ချစ်တဲ့သူမကို တန်ဖိုးထားတဲ့အနေနဲ့ပေါ့။ အခုချိန်မှာတော့ အရာအားလုံးနှောင်းခဲ့ပြီပေါ့လေ

ကံတရားကဒီလိုကျတော့ ချစ်စရာကောင်းပြန်ရော။ ကိုယ့်ဘက်က မင်းကိုဖယ်ခွာချန်ရစ်ခဲ့တဲ့အပြစ်တွေကိုပြန်လည်ဖြေ ဆယ် နိုင်ဖို့ အခွင့်အရေးလေးတစ်ခုပေးမယ်တဲ့

အဲ့ဒီအတွက်တော့ ကိုယ်အစွမ်းကုန်ကြိုးစားပါရစေနော်

စောင့်နေပါ
မင်းအတွက် ကိုယ်ရောက်အောင်လာခဲ့ပြီနော်...

ပိုးစုန်းကြူးမှသူ့ချစ်သူသို့....................

............

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDove le storie prendono vita. Scoprilo ora