အပိုင်း 🔮 ၁၉

21 5 1
                                    

Unicode

နောက်ခြောက်နှစ်ခန့်အကြာ

တီ....တီ.....

တီ............

မနက်မိုးလင်းကတည်းက လမ်းမပေါ်တွင် ပုရွက်ဆိတ်လမ်းပမာ ရှုပ်ထွေးအောင်သွားလာနေကြသော ယာဥ်ကြီးယာဥ်ငယ်များ။

ပလက်ဖောင်းပေါ်တွင်လည်း လူများမရေမတွက်နိုင်အောင် သွားလာလှုပ်ရှားနေကြသည်။

ပုဂံတွင် ဘုရားစေတီများလက်ညိုးထိုးမလွဲအောင်ရှိနေကြသကဲ့သို့ ရန်ကုန်မြို့ကြီးတွင်လည်း မော်တော်ယာဥ်များပြာယာခတ်စွာရှိနေကြသည်။

သူတို့ ဘယ်တွေကိုများ ဦးတည်သွားလာနေကြပါလိမ့်။

..............

"PYINSA" စားသောက်ကုန်လုပ်ငန်း။

ဤမြို့တစ်ဝိုက်တွင်သာမက တိုင်းဒေသတစ်ခုလုံးတွင် အကြီးဆုံးနှင့် အအောင်မြင်ဆုံး ကုမ္ပဏီတစ်ခု။

သန့်ရှင်းသပ်ရပ်မှုနှင့် စည်းကမ်းတင်းကြပ်မှုကြောင့်နာမည်ကြီးသည်။ ဤသတင်းများက ယခုလက်ရှိသူဌေးမတိုင်ခင် အရင်ပိုင်ရှင်လက်ထက်ကသာဖြစ်၏။

သူဌေးဦးစောဝဏ္ဏက သူ့ရှေ့စားပွဲပေါ်တင်ထားသော စာရွက်ခေါက်ကလေးကိုကြည့်ကာ မတ်တပ်ရပ်နေသူအမျိုးသမီးကို မျက်လုံးလှန်ကြည့်ကာ

"ဒါ ဘာလဲ ဒုဌာနမှူး"

ရှေ့ကအမျိုးသမီးက ဖြေသည်။

"ကျွန်မရဲ့ အလုပ်ထွက်စာပါ သူဌေး
ရုတ်တရက် အခက်အခဲပေါ်လာလို့ နှုတ်ထွက်လိုက်ရတာပါ
သူဌေးကနားလည်ပေးလိမ့်မယ်လို့ ကျွန်မထင်ပါတယ်ရှင်"

"ဒီအထိကြိုးစားလာပြီးမှ အလုပ်ထွက်မယ်ဆိုတာက မဟုတ်သေးပါဘူး
မဧကရီလှိုင် အရည်အချင်းနဲ့ အခက်အခဲဆိုတာရှိမှာမဟုတ်ပေမယ့် ဒီလိုဖြစ်လာတော့
အထက်လူကြီးတစ်ယောက်အနေနဲ့ မင်းရဲ့အလုပ်ထွက်ရတဲ့အကြောင်းအရင်းလေးကိုတော့ သိရမှဖြစ်မယ်လို့ထင်ပါတယ်"

"အကြောင်းအရင်းလေးတစ်ခုကြောင့်ပါ သူဌေးရှင့်
ကိုယ်ရေးကိုယ်တာမို့ သူဌေးကိုပြောပြလို့မဖြစ်တာကြောင့် မယဥ်ကျေးစွာနဲ့ နားလည်ပေးပါလို့ပဲပြောပါရစေ"

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီحيث تعيش القصص. اكتشف الآن