အပိုင်း 🍁 ၂၁

26 4 7
                                    

Unicode

ပြုံးရည်လဲ့ပြောလိုက်သောစကားကြောင့် ဧကရီမှာ ဘာပြောရမယ်မှန်းမသိတော့ပေ။
ပထမတော့ စနောက်နေသည်ထင်၍ တဟားဟားမြည်အောင်အော်ရယ်လိုက်သေးသည်။ လဲ့က ငြိမ်ကြည့်နေတော့မှ တကယ်ပြောနေကြောင်းရိပ်မိလိုက်သည်။

(လဲ့) "ရယ်မနေနဲ့
တကယ်ပြောတာ
အခုဒီဆိုင်ကို ဝန်ထမ်းတွေနဲ့လွှဲထားပြီး ဆိုင်ခွဲဖွင့်မလို့။ ဆိုင်ခွဲကိုတော့ ငါကိုယ်တိုင်ဦးစီးမလို့
နင်က ငါနဲ့လိုက်ပြီး ငါနဲ့အလုပ်အတူတွဲလုပ်ပေးပါ"

ဧကရီ အလုပ်မရှိတော့သည်အတွက် သူမအဆင်ပြောမည်မဟုတ်ကြောင်း လဲ့သိသည်။ အလုပ်ထွက်ရန် မနည်းတိုက်တွန်းထားပြီးကာမှ နောင်ရေးအတွက် ကြိုတင်စီမံမှုမရှိဘဲနှင့်ဆိုလျှင် သူငယ်ချင်းဘဝကို ကိုယ်တိုင်ဖျက်သလိုဖြစ်နေမည်ဖြစ်၍ လဲ့စဥ်းစားထားရသည်။ လဲ့ဟူသောမိန်းကလေးသည် သူငယ်ချင်းများကိုတော့ အလွန်ညှာတာစောင့်ရှောက်တတ်သူဖြစ်ရကား သူငယ်ချင်းကောင်းစားရေးအတွက် ရှေ့ရေးသို့ရှုမျှော် အကဲခတ်လိုက်ရာ
ဒီခေတ်ကြီးတွင် အလုပ်တစ်ခုရရန်မလွယ်တော့ပြီ၊ အဆင့်အတန်းမြင့်မြင့်နှင့် ကိုယ်ကိုယ်ကိုယ်တန်ဖိုးထားသူများ ရှေ့ရေးအတွက် အလုပ်ကို ကျားကုတ်ကျားခဲ ပမ်းတက်နေရသည့်ခေတ်။
တော်တော်လေးကြိုးစားရှာဖွေရပေမယ့် ကိုယ်မျှော်မှန်းထားသော နေထိုင်မှုပုံစံနှင့်လည်း မလွဲစေရဘဲ အဆင်ပြေနိုင်မည့်နည်းကို သူမ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့သည် ဆိုပါတော့။

ဧကရီ သူမ ကိုတစ်ခါပြောဖူးသည်။ "နင့်လိုမျိုး ကိုယ့်ရည်မှန်းချက်နဲ့လည်း ထပ်တူကျ၊ စိုးရိမ်ပူပန်မှုလည်းနည်းပြီး၊ ဇယားလည်းမရှုပ်ဘဲ အေးအေးဆေးဆေးလုပ်ကိုင်စားသောက်ရတဲ့ အလုပ်အကိုင်မျိုးကိုရွေးချယ်ခဲ့မိရအကောင်းသား"
ဟု ဧကရီဆိုခဲ့ပါ၏။ ထိုချိန်က သူမအမေ ကျန်းမာရေးအတော်လေးအဆင်မပြေဖြစ်ကာ အကြွေးပတ်လည်ဝိုင်းနေစဥ်က ပြောခဲ့ခြင်းဖြစ်သည်။ အန်တီသူဇာ ဆေးရုံတက်ရသည်ဆို၍ လဲ့လည်း စိုးရိမ်ပူပန်ကာ ဆေးရုံလိုက်၍ လူနာစောင့်ပေးခဲ့ရသည်။ ဧကရီမှာ အကူအညီတောင်းစရာလူ ရှိသည်မဟုတ်သည့်အတွက် သူမပဲအစစအရာရာ ကူညီပေးခဲ့သည်။ ကူညီသည်ဆိုရသော်လည်း သူမ ဘာမှသိပ်မလုပ်လိုက်ရ။ သူငယ်ချင်းဧကရီမည်မျှကြံ့ခိုင်သည်ကို သိပါသည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDonde viven las historias. Descúbrelo ahora