Unicode
လဲ့သည် ဧကရီ့ဖုန်းကိုချလိုက်ပြီးသည့်နောက်ပိုင်း ကပြာကယာဖြစ်နေလေ၏။
လွန်ခဲ့သောနှစ်နာရီလောက်ကမှ အကြွေးဆပ်မည်ဆိုကာ ထွက်သွားခဲ့သော ဧကရီက အခုဖုန်းဆက်တော့ ရဲစခန်းမှာတဲ့။
ဘာကြောင့် ရဲစခန်းရောက်သွားရတာလဲ
အဲ့လိုနေရာမျိုးက မိန်းကလေးများမသွားသင့်သောနေရာမျိုးတွင်ပါသည်။
မဟုတ်မှလွဲရော ဧကရီနဲ့ ဒေါ်မြင့်မာရန်ဖြစ်ကြလို့လား။
ဒေါ်မြင့်မာက သူမကိုတိုင်ချက်ဖွင့်လိုက်ပြီလား။
ဒါမှမဟုတ် သူမက ဒေါ်မြင့်မာကို သ သ...
ပြုံးရည်လဲ့ ခေါင်းကိုတွင်တွင်ခါယမ်းလျက် မဟုတ်တမ်းတရားအတွေးများကို ထုတ်ပစ်လိုက်၏။
သို့သော်
မှုခင်းစာရေးဆရာမပီပီ အတွေးတွေက ရပ်လို့မရ။
ကော်ဖီဆိုင်က စီးပွားရေးအရဖွင့်ခြင်းဖြစ်၍
ငါးမွေးခြင်းမှာ စိတ်ချမ်းသာရန်ဖြစ်ပြီး
စာရေးခြင်းမှာ ဝါသနာအရ လုပ်ဖြစ်ခြင်းဖြစ်၏။
အခုလည်း ဧကရီ၏ မထင်မှတ်ထားစရာသတင်းကြောင့် စိတ်စောနေကာ ဆိုင်အပြင်သို့ပြေးထွက်စဥ် ရှေ့ကလှေကားထစ် ၁၁ ထစ်ကိုတစ်ချက်မှမနင်းဘဲ မြေပြင်ပေါ်ရောက်ရှိသွားလေသည်။
"ဒီကောင်မလေး စာတွေရေးရင်းနဲ့ ကြောင်သွားတာလားမသိပါဘူး။"
သူမအစ်ကို အောင်ဇင်ဟိန်းရေရွတ်သောစကားဖြစ်ပါ၏။
......... ....... ......
၅/၁၀ မိနစ်လောက်အကြာ ရဲစခန်းရှေ့သို့ Honda wave ဆိုင်ကယ်တစ်စီး ဝေါခနဲထိုးရပ်လာသည်။
ဆိုင်ကယ်ဦးထုပ်ခေါင်းစွပ်ဆောင်းထားသူသည် စခန်းအတွင်းသို့ မပြေးရုံတမယ် ခပ်သွက်သွက်လျှောက်လာသည်။
စခန်းအတွင်းဝင်လာပြီး ထိုင်ခုံပေါ်ထိုင်နေသော ဧကရီ့ကိုတွေ့တော့ ဦးထုပ်ကိုချွတ်လိုက်ရာ ပခုံးပေါ်သို့ အညိုရောင်ဆံနွယ်များဝိုက်ကျသွားသည်။
(လဲ့) "ဧကရီ? ဧကရီ
ဘာဖြစ်တာလဲ
နင်ဘာလို့ဒီကိုရောက်နေရတာလဲ
ငါ့ကိုမြန်မြန်ပြောစမ်းပါ"
VOCÊ ESTÁ LENDO
ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီ
Romance💫 💫 💫 💫 💫 💫 💫 💫 💫 💫 လွန်ခဲ့သောနှစ်ပေါင်းလေးရာလောက်က စခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဇာတ်လမ်းဆိုတာထက် ပုံပြင်၊ မဟုတ်ဘူး.... ... ... ဒဏ္ဍာရီတစ်ပုဒ်... တော်တော်လေးကိုကြာလှပြီဆိုတော့ အမှန်မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ် ဒါပေမယ်...
