အပိုင်း ♟️ ၁၇

25 4 0
                                        

Unicode

မယုံနိုင်ဘူး

နှစ်ပေါင်းလေးရာအကြာမှာ လကလေးရဲ့မျက်နှာကို ဒီလိုအနီးဆုံးနေရာကနေ ထပ်ငေးကြည့်ခွင့်ရတာကိုလေ။

အခုမှလွတ်လပ်သွားပြီး ကိုယ့်ချစ်သူကိုတဝကြီးထွေးပွေ့မယ်စိတ်ကူးထားပေမယ့် အခုတော့ကွယ်

အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာရတာက ကိုယ်တို့ရဲ့ကံကြမ္မာမှာတံဆိပ်ခတ်နှိပ်ထားပြီးသားလားလည်း မသိတော့ပါဘူး

ဒါပေမယ့် ချစ်သူရေ
စိတ်မပူပါနဲ့
ကိုယ်မင်းကိုဘယ်တော့မှပစ်မထားသွားဘူးဆိုတာကို ယုံပေးပါနော်
ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောနိုင်ပေမယ့် မင်းဆီကို အမြန်ဆုံးနည်းနဲ့ ကိုယ်ပြန်လာမယ်လို့ ကတိတွေအထပ်ထပ်ပေးပါတယ်နော်
ချစ်တယ်
အချစ်ဆုံးရယ်...

*JADE HEART LEGENDARY*

တောအုပ်အတွင်းတစ်နေရာ၊ ဘယ်နေရာမှန်းမသိပါ။ မိုးတိတ်ပြီးစဖြစ်သဖြင့် သစ်ရွက်ဖျားများတွင် မိုးစက်ကလေးများတွဲလဲခိုနေကြသည်။ ထိုအပင်များကြား၌ တရွေ့ရွေ့နှင့် တိုးဝှေ့လာသူ။

လူဆိုသည်ကို အရိပ်ကြောင့်သာသိရသည်။ ခန္ဓာကိုယ်ကို ပြတ်ပြတ်သားသားမမြင်ရပေ။ သူမ,ကို ဆက်လက်ချီမ,ထားပြီး ခြေထောက်များကလည်းအဆက်မပြတ်ရှေ့သို့ လှမ်းလျှောက်နေပါသည်။

တဖြည်းဖြည်းနှင့် တောအုပ်၏အစပ်၊ အဆုံးပိုင်းသို့ရောက်ရှိသွားပြီး ဓာတ်မီးရောင်ဝေ့ဝေ့ဝဲဝဲနှင့် ဆူညံသံများကိုကြားနေရသည်။ မီးရောင်များဆီမရောက်မီ တုံခနဲရပ်သွားလေ၏။

နောက်ပြီး သူ့ခန္ဓာကိုယ်မှပြန့်ကျဲစွာထွက်လာသော အရိပ်မဲကြီးက ပတ်ဝန်းကျင်ကိုပင်ဘာမှမမြင်ရလောက်အောင် ပိန်းပိတ်စွာမှောင်ကျသွားလေတော့သည်။

အမှောင်ကြီးကျ၍ လူများအော်ဟစ်နေချိန်၌ အနီးနားရှိ ခံတက်ပင်ခြေရင်းတွင် သူချီထားလေသောမိန်းကလေးကို အသာအယာချကာ ပင်စည်ကိုမှီထိုင်စေလိုက်သည်။

အသိစိတ်ကင်းမဲ့နေသော သူမ၏ဦးခေါင်းကလေးသည် အထိန်းအကွပ်မရှိစွာဖြင့် ဘေးသို့ယိုင်ကျလျက်ရှိသည်။ တစ်ကိုယ်လုံးတွင်လည်း ရေများစိုရွှဲနေသော်လည်း လည်တိုင်တွင်ဆွဲထားသော ငွေရောင်လော့ကတ်ကလေးကတော့ တစ်လောကလုံးမှောင်နေသော်လည်း ထာဝရမမှိန်မည့်အရောင်မျိုးနှင့် လင်းလက်နေခဲ့သည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီDonde viven las historias. Descúbrelo ahora