အပိုင်း 🌵 ၁၅

25 5 8
                                    

Unicode

ကြောက်တယ်

ကိုယ်ဘာကိုကြောက်လို့ကြောက်နေမှန်းလည်းမသိဘူး လကလေးရယ်

အရင်ကမင်းကိုကာကွယ်ပေးခဲ့ရတဲ့ကိုယ့်ရဲ့ဘဝကို ကိုယ်သဘောကျခဲ့ရတယ်
ကာကွယ်ပေးတာထက် ဘာမှလုပ်နိုင်တာမရှိဘဲ ဘေးနားမှာကြည့်နေခဲ့ရတာဆိုပိုမှန်မှာပေါ့
အနည်းဆုံးတော့ မင်းဘေးနားရှိနိုင်သေးတယ်လေ

မင်းလေးကိုခွဲခွာခဲ့ရတုန်းက မင်းပြောခဲ့တဲ့စကားလေးကို ကိုယ်အခုထိနားထဲကြားယောင်နေတုန်းပဲ

"စိတ်မပူဘဲ မြန်မြန်ပြန်လာခဲ့ပါ" တဲ့

ပြောခဲ့ပေမယ့် မင်းအတွက်ကိုယ်စိတ်မပူပဲမနေနိုင်တဲ့အတွက် စကားအတိုင်းမလိုက်နာနိုင်ခဲ့ပါဘူးနော်။

"မြန်မြန်ပြန်လာခဲ့" ဆိုတာကိုလည်းမတည်နိုင်ခဲ့ပြန်ဘူး။ နှစ်လေးရာကြာမှပြန်လာနိုင်ခဲ့တာကိုး။

အခု ကိုယ်မင်းဘေးနားမှာရှိနိုင်ဖို့ အခုအခွင့်အရေးရှိလာခဲ့ပြီမို့ အခုချိန်ကစပြီး မင်းကိုထားခဲ့ရတဲ့အချိန်တွေအတွက် ပြန်ပေးဆပ်ခွင့်ပြုပါနော်

စောင့်နေပေးပါ
လာခဲ့မှာမို့

💓💓💓

မိန်းမပျိုနှင့် ကောင်လေးတို့ ထွက်သွားပြီးသည့်နောက်ပိုင်း ဧကရီတစ်ယောက်ဘာကြောင့်မှန်းမသိ မူးမိုက်ကာလဲကျသွားခဲ့သည်။ စိတ်ထဲတွင် ထိုကောင်လေး၏ အပြုံးကလေးဝိုးတဝါးထင်လာခဲ့သည်။ ထိုကောင်လေးပြုံးနေသည်။

ပြုံးပြီး ရယ်ပြနေသည်မှာ ပါးနှစ်ဖက်ကပါးချိုင့်ကလေးနှစ်ခု ခွက်ဝင်သွားသည်အထိ။

သူမပါးစပ်ကလည်း စကားတစ်ခွန်းထွက်သွားခဲ့သည်။

"ဘုဏ္ဏရ..."

...........

ထိုတွင် မိုးကောင်းကင်ရှိမိုးသားတိမ်တိုက်များသည် ရုတ်ချည်းပြောင်းလဲလာကာ မှောင်မဲညှို့မှိုင်းလာသည်။

ထို့နောက် "ဂျိန်း"ခနဲ ကြောက်မက်ဖွယ်ရာမိုးခြိမ်းသံကြီးအစချီကာ မိုးစက်များမှာ ရေကရားကိုသွန်ချလိုက်သကဲ့သို့ များပြားစွာပြိုကျလာတော့သည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီWhere stories live. Discover now