Intro

6.5K 157 4
                                    

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ပခုံးလောက်ရှည်နေတဲ့ဆံပင်နက်မှောင်မှောင်တွေကို မျော့ကြိုးနဲ့စည်းနှောင်ထားပြီးဂျိုင်းပြတ်အင်္ကျီအနက်ရောင်ကြောင့်တောင့်တင်းတဲ့ လက်မောင်းကြွက်သားတွေ မြင့်မားတဲ့အရပ်ကို ရှင်းလင်းစွာမြင်ရနိုင်တဲ့ လည်သာအနက်ရောင်ဘောင်းဘီအကြပ်အရှည်ကိုဝတ်ဆင်ထားတာကြောင့်တောင့်တင်းတဲ့ကြွက်သားတွေရယ်မြင့်မားတဲ့အရပ်ရယ်ကြောင့် ဒေါသထွက်နေသိတိုင်ထိုအမျိုးသားကကြည့်ကောင်းနေပြန်တာ ထိုအမျိုးသားနဲ့ဆန့်ကျင်ဘက် ခံစားချက်မဲ့စွာ ကုတင်စွန်းမှာ ပကတိဖြူစင်လွန်းတဲ့ မျက်နှာလေးနဲ့ မိုးပြာရောင် ညဝတ်အင်္ကျီ ဝမ်းဆက်လေးနဲ့ထိုင်နေတဲ့ အမျိုးသားလေးတစ်ယောက်...

" ခင်ဗျားကို သိပ်ချစ်နေမှန်းသိနေလို့ ဒီအချိုးတွေချိုးနေတာလား "

ဒေါသအရှိန်ကြောင့် မျက်ဝန်းဝိုင်းတွေကရဲရဲနီလို့ အချိုးစားကျလှတဲ့မေရိုးပုံစံကထင်းလင်းပေါ်ပေါက်နေတာ

" ချစ်လို့..အချစ်...ဟုတ်လား..အဟက်"

ခပ်အေးအေး ခနဲ့ပြောလာတဲ့ စကားလုံးတွေကြောင့် ဒေါသအရှိန်နဲ့လူသားရဲ့ စိတ်အဟုန်ဟာ မီးတောက်အကြီးကြီးဖြစ်ဖို့ ဓာတ်ဆီလောင်းချခံလိုက်ရသလို

" ဟုတ်တယ်..အချစ်. ..ခင်ဗျားကို စောက်ရမ်းကိုချစ်နေလို့.. ကျုပ်ဆိုတဲ့ကောင်က ခင်ဗျားကိုချစ်မိသွားခဲ့လို ဒီလိုတွေဖြစ်နေရတာ."

ပခုံးတွေပေါ် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လှုပ်ယမ်းပြီးပြောနေတာကြောင့် ကုတင်ပေါ်က အေးစက်စက်လူသားလေးကလှုပ်ခါမှုတိုင်းမှာ ယိမ်းထိုးလို့

" မချစ်နဲ့လေ..မချစ်ပါနဲ့လား..မင်းရဲ့အချစ်တွေကို ကြောက်လွန်းလို့ ကျေးဇူးပြုပြီး ငါ့ကိုမချစ်စမ်းပါနဲ့"

" ဘာလုပ်ပိုင်ခွင့်နဲ့ ကျုပ်ကိုလာတားနေတာလဲ.. ခင်ဗျားမချစ်ခိုင်းလည်း ကျုပ်ကချစ်နေအုံးမှာပဲ..ကြောက်လို့သေမယ်ဆိုရင်တောင် ကျုပ်ရဲ့အချစ်တွေကိုဘဝအဆက်ဆက်လက်ခံရယူပြီး ကျုပ်ဆီမှာပဲသေရမှာ အဲ့ဒါခင်ဗျားမှတ်ထား Kim Taehyung .."

" အတ္တကြီးတဲ့ကောင်"

"ဟုတ်တယ်..အတ္တကြီးတယ်..တခြားအရာတွေထက် ခင်ဗျားကိုပိုပြီးအတ္တကြီးတာမို့...စိတ်ပူစေမဲ့အရာတွေကို မလုပ်ပါနဲ့ကွာ.."

လေသံအတိုးအလျော့က စကားလုံးအစနဲ့အဆုံးမှာတောင်မတူညီပဲ တိုးညှင်းဖျော့တော့သွားသူက ဒေါသအရှိန်မျက်နှာအနေထားကနေ တမဟုန်ချင်း မုဆိုးလက်ထဲမှာမိနေတဲ့ ယုန်သူငယ်လေးလို တောင်းပန်တိုးရှိုးနေပြန်တာ
ဒါတွေကလက်နက်တွေပဲလေ ဒီအမျိုးသားလက်ထဲမှာနေခဲ့တဲ့(၃)နှစ်ဆိုတဲ့ အချိန်အတောအတွင်း အကြိမ်ကြိမ်ကြုံခဲ့ပြီးသားတွေ

" ငါ့စိတ်တွေမာကျောနေပြီ Jungkook.. မင်းဆီမှာရှိနေတာကလည်း အချစ်မဟုတ်သလို....ငါ့မှာလည်းမင်းအတွက်အချစ်ဆိုတာ ရှိလာတော့ မှာမဟုတ်ဘူး.မင်းရဲ့သဝန်တိုမှုတွေကိုလည်းခံနိုင်ရည်မရှိတော့ဘူး.အဲ့ဒါကြောင့် လွှတ်ပေးပါတော့ ငါသိပ်မွန်းကြပ်နေပြီ"

"ဟင့်အင်း.. အချစ်..ကိုကိုရယ် ကျွန်တော်ကိုကို့ ကိုယ်တကယ် ချစ်တာပါဗျာ သဝန်မတိုနဲ့ဆိုလည်း ကျွန်တော်ဂရုစိုက်ပြီးနေပါမယ်နော်..အဲ့ဒါကြောင့်ချစ်တယ်ဆိုတာတော့ယုံပေးပါ"

" ငါ့ကိုချစ်တယ်ဆို လွတ်လပ်ခွင့်ပေးလေ"

" ကိုကို..ခင်ဗျားမရှိရင် ကျွန်တော်သေသွားမှာ
ဗျ..."

" ငါမင်းအကြောင်းကိုသိပါတယ် ဂျောင်ကုရယ်"

အေးစက်စက်မျက်နှာပိုင်ရှင်လေးက ဘယ်အရာကိုမှမယုံကြည်တော့တဲ့အမှုယာတွေကြောင့် သူ့စိတ်အလုံးစုံ လျော့ချပေးမိတယ်

" သွားပါ..ပျော်မယ်ထင်တဲ့.နေရာကိုအမြန်ဆုံးထွက်သွားပေးပါ အချိန်ကြာရင် ပြန်ဆွဲထားမိမှာမို့ အမြန်ထွက်သွားပေးပါ"

ကုတင်ရှေ့ဒူးထောက်ချပြီးထိုင်နေသူကိုကျောခိုင်းလို့ အေးစက်စက်မျက်နှာပိုင်ရှင်လေးက လှည့်မကြည့်စတမ်း အိမ်ဝန်းကျယ်ကြီးထဲမှ တရွေ့ရွေ့ထွက်ခွာလို့ လွတ်မြောက်သွားတာ..

☁ချစ်တဲ့OneOo☁

မျဥ်းပြိုင်(Completed) Where stories live. Discover now