part(22)

1.4K 67 3
                                    

တံခါးပေါက်နားမှ အံ့သြတုန်လှုပ်စွာထွက်ပေါ်လာတဲ့ ခေါ်ဆိုသံကြောင့် ထယ်ယောင်းအလန့်တကြားကြည့်မိလိုက်တော့ အဖြူရောင်နှင်းဆီပန်းစည်းလေးက ကြမ်းပြင်ပေါ်တည်ရှိနေပြီး ဂါဝန်ဖြူဖြူလေးနဲ့ အမျိုးသမီးလေးက ထိတ်လန့်နေဟန်

" မီ!"

ထယ်ယောင်း အရှေ့မှာရှိနေတဲ့ Jungkookရဲ့ ကိုယ်လုံးကိုတွန်းဖယ်ပြီး မီဆီသွားဖို့ပြင်လိုက်တယ်

" ကိုကို!"

သူ့လက်ကို ဆွဲကိုင်ပြီးခေါ်လာတဲ့ Jungkookကြောင့်ထယ်ယောင်းစိတ်ပျက်သလို ပြန်ကြည့်လိုက်တယ်

ကျစ်! " လွှတ်စမ်း ကိုယ့်လက်ကို မင်းကသိပ်စိတ်ရှုပ်ထွေးအောင်လုပ်တာပဲ Jungkook"

" ကိုကို!"

" မခေါ်နဲ့...မင်းလာလို့ မင်းပေါ်လာလို့အားလုံးကမောက်ကမဖြစ်ကုန်ရတာ "

ခပ်စူးစူးအော်ပြောလိုက်တဲ့ သူ့စကားကို Jungkookကနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာတယ်

" ကျွန်တော် ဘာများလုပ်မိလို့လဲ...ကိုကို့အပေါ် ကျွန်တော်ဘာအမှားလုပ်မိလို့လဲဟမ်"

အံကိုတင်းတင်းကြိတ်ပြီးပြောနေသူရဲ့ မျက်ဝန်းတွေက နီငွေ့ရောင်သန်းနေတာ

" စိတ်ပျက်စရာကောင်းအောင် မင်းကအပြစ်မလုပ်ပဲ ငါ့ကိုပဲကျူးလွန်မိအောင်ဖန်တီးနေတာလေ..သိပ်စိတ်ပျက်စရာကောင်းနေလို့ ထပ်ပေါ်မလာနဲ့ ငါ့ရဲ့အနာဂတ်အတွက်"

" ကိုကို..ခင်ဗျား တကယ်ပဲ"

မယုံကြည်နိုင်မှုနဲ့ မခံမရက်ဖြစ်နေမှုကို Jungkookရဲ့ မျက်ဝန်းတွေထဲမှာ သူဖတ်မိပါတယ် ဒါပေမယ့် ဒီကောင်လေးဘာလို့ပေါ်လာရတာလဲ မင်္ဂလာပွဲကို ထယ်ယောင်းမဖိတ်ခဲ့ပါပဲ ဘာအတွက်ကြောင့်လာခဲ့သလဲ

" ထွက်သွားပေး..ငါ့အရှေ့က..ထွက်သွားပေးလို့ Jeon Jungkook ငါ့ဘဝထဲက"

ရင်ဘတ်ကိုတွန်းထိုးပြီးပြောလိုက်တဲ့ သူ့စကားကို Jungkook စိတ်ပျက်သလိုကြည့်တယ်

" ခင်ဗျား..သိပ်စိတ်ပျက်စရာကောင်းတယ် ကင်မ်ထယ်ယောင်း..သောက်ရေးမပါတာတွေ သိပ်လုပ်လွန်းတယ်..တောက်!"

မျဥ်းပြိုင်(Completed) Tempat cerita menjadi hidup. Temukan sekarang