လေညှင်းတွေတိုက်ခက်နေတဲ့ ညနေခင်းက စန္ဒယားသံ လွင့်လွင့်လေးပျံ့လွင့်နေတဲ့ မင်္ဂလာခန်းမလေးနဲ့ ပနှံသင့်စွာ စီတန်းစွာရှိနေတဲ့ ပန်းအိုးဖြူဖြူလေးတွေထဲမှာ ပန်းနုရောင်မက်မွန်ပန်းတွေကလှလှပပနေရာယူလို့ ဒါကကိုကိုသဘောကျတဲ့ပန်းလေးတွေမဟုတ်လား ဒီနေ့သူနဲ့ကိုကို လက်ထပ်ထိမ်းမြားတဲ့နေ့ လိင်တူတွေလွတ်လပ်စွာ လက်ထပ်ခွင့်ရှိတဲ့ ဒီနိုင်ငံမှာကျင်းပဖြစ်တဲ့ မင်္ဂလာပွဲဟာ နှစ်ဖက်မိဘတွေရဲ့သဘောတူ လက်ခံပေးမှုအပါအဝင်..
အနောက်တိုင်းဝတ်စုံ အဖြူရောင်လေးကို သေသပ်စွာဝတ်ဆင်ထားတဲ့ကိုကိုက ဒီနေ့လည်းသိပ်ကိုချောမောနေပြန်တာ ဒီလူကိုပိုင်ဆိုင်ခွင့်ရခြင်းဟာ Jungkook ဘဝအတွက်အကြီးမားဆုံးသော ကောင်းချီးပါပဲ..
ငွေရောင်လက်စွပ်ပြောင်လေးကိုတစ်လုံးထဲသော ဘဲဥပုံသဏ္ဍန် ကျောက်စိမ်းလေးနဲ့ ထုဆစ်ထားပုံကလည်းရိုးရှင်းစွာလှပနေပြန်တာ ဖာသာရှေ့မှာ ကတိသစ္စာပြုပြီးချိန်မှာတော့ ဆင်တူလက်စွပ်လေးကနှစ်ဦးသားရဲ့ လက်ချောင်းမှာလှလှပပနေရာယူပြီးနေပြီ
" ကျွန်တော်ဘဝတစ်ခုလုံး ကိုကို့ဆီမှာ အပ်နှံပါတယ်.. "
တိုးညင်းစွာထွက်ကျလာတဲ့ စကားသံချိူမြမြလေးနဲ့အတူ နှုတ်ခမ်းသားတွေကို ငုံထွေးလာတဲ့အတွေ့ထိမှာ ထယ်ယောင်းမျက်ဝန်းတွေမှေးမှိတ်လိုက်တယ်
ဟန်းနီးမွန်းကို LAပဲသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က နှစ်ဦးသားလုံးရဲ့ သဘောတူလက်ခံမှု LAဆိုတာ သူတို့နှစ်ယောက်အတွက် အချစ်တွေမွေးဖွားရာနေရာလေးပဲမဟုတ်လား
" ကျွန်တော် သိပ်ပျော်တာပဲ ကိုကိုရာ"
ကားနောက်ခန်းမှာ ထိုင်ရင်း သူ့ပခုံးပေါ် ခေါင်းမှီကာ ပြောလာတဲ့ စကားကြောင့် ထယ်ယောင်း စည်းနှောင်ထားတဲ့ ဆံပင်ရှည်တွေကိုခိုးနမ်းရှိုက်ပြီး တိတ်ဆိတ်နေလိုက်တယ်
" ကိုကိုရော"
" အွန်း..ကိုယ်လည်းပျော်တယ်"
" ချစ်တယ် ကိုကို"
" ကိုကိုရော"
ထယ်ယောင်းပြန်မဖြေပဲ ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကို ဖျစ်ညစ်လိုက်တယ်
မင်္ဂလာဦးဖြစ်လို့ ဒီလိုစကားကမဆန်းပေမယ့် နှစ်ယောက်ထဲမဟုတ်ဘူးလေ အရှေ့မှာကားမောင်းနေတဲ့ အတွင်းရေးမှူးဆို လည်းရှိတယ် မဟုတ်လား
BẠN ĐANG ĐỌC
မျဥ်းပြိုင်(Completed)
Fanfictionပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်