part(40)

1.2K 77 9
                                    

" ကျွန်တော် လက်မခံနိုင်ပါဘူးလို့ မေမေ့ကိုပြောပြီးပြီလေ"

တိတ်ဆိတ်နေတဲ့ အိမ်ဝန်းကျယ်ထဲမှာ ထယ်ယောင်းရဲ့တိကျပြတ်သားတဲ့ အသံကထင်းလင်းပေါ်ထွက်နေတယ် ဒယ်ဂူသွားဖို့အထိသူလိုက်လျောပေးခဲ့ပြီးပြီလေ ဒီထက်ပိုပြီးဘာကိုမှ မလိုက်လျောနိုင်တော့ဘူး

" မေမေ ပြောနေတာ မင်းအတွက်ကြီးပဲ ထယ်ယောင်း... ဒီတခေါက် ဒယ်ဂူသွားရင် မေမေယူရီရဲ့မိဘတွေနဲ့သေချာဆွေးနွေးချင်တယ် ယူရီဘက်ကတောင် သားကိုလိုလိုလားလားလက်ခံနေတာ သားကဘာအတွက်ငြင်းချင်နေရတာလဲ အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အချိန်ကုန်တာရပ်သင့်ပြီ မင်းရဲ့ဒီလိုပုံစံကိုမြင်နေရတာ မေမေသိပ်ပင်ပန်းနေပြီ သိရဲ့လား.."

အဖျားနားတိုးခတ်သွားတဲ့ မေမေ့အသံကြောင့် မေမေငိုနေပြီဆိုတာ ထယ်ယောင်းသေချာပေါက်သိပါတယ် ဒါပေမယ့်..သူကရော..ထယ်ယောင်း ပြိုကျချင်နေတဲ့ မျက်ရည်တွေကိုထိန်းရင်းအံကိုတင်းတင်းကြိတ်လိုက်တယ် ဂျောင်ကုမှမဟုတ်ရင် ဘယ်သူ့ဆီမှာမှပြိုမလဲချင်ဘူး ငိုကြွေးချင်ရင်တောင်မှ ဂျောင်ကုရင်ခွင်မှာ ခိုဝင်ပြီးငိုကြွေးမှာ

" မေမေဘယ်လိုထင်နေလဲဆိုတာသေချာမသိပေမယ့်..အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်ဆိုတာမျိုး ကျွန်တော်မှာမရှိပါဘူး..မေမေ့သားအကြောင်းမေမေသိမှာပါ..ကျွန်တော်ဒီကိစ္စကို လုံးဝလက်မခံဘူးဆိုတာမေမေ့ကိုထပ်ပြောထားပါရစေ..ကျွန်တော်ပင်ပန်းနေလို့ နားချင်နေပြီ"

ခုရက်ပိုင်းစိတ်ရောလူပါ သိပ်ကိုပင်ပန်းနေရတာပါပဲ
နားလည်မှုရှိတယ်လို့ထင်ထားတဲ့ မေမေကလည်းနားလည်မှုမရှိတော့သလို အရမ်းချစ်ပါတယ်ပြောပြီးထားသွားတဲ့လူကလည်း ပြန်မလာခဲ့ပါဘူး

"ငါသိပ်ကိုပင်ပန်းနေပြီ Jungkookရယ်..အရမ်းကိုပြိုလဲကျချင်နေပြီ..စိတ်ရှိလက်ရှိ အော်ဟစ်ငိုကြွေးဖို့အတွက် မင်းရဲ့ရင်ခွင်ကို ငါအရမ်းလိုနေတာမလို့...ခနလေးပဲဖြစ်ဖြစ် ကိုကို့ဆီပြန်လာခဲ့ပါလား Jungkookရယ်"

နှစ်ယောက်အတူရှိနေခဲ့တဲ့ အခန်းထဲမှာ တစ်ယောက်ထဲတီးတိုးပြောနေတဲ့ စကားသံတွေကိုဂျောင်ကုကြားနိုင်ပါ့မလား

မျဥ်းပြိုင်(Completed) Donde viven las historias. Descúbrelo ahora