မွေးနေ့ကိတ်ခွဲပြီးတာနဲ့ အိမ်ကိုတန်းပြန်ချင်စိတ်တွေက တားမနိုင်စီးမရ သူသေချာပေါက်စောစောပြန်မယ်ပြောခဲ့တာမဟုတ်လား မွေးနေ့ရှင်ခွံ့ကျွေးတဲ့ ကိတ်မုန့်တဇွန်းကို ပြီးအောင်မဝါးနိုင်ပဲ မတ်ရပ်တဲ့သူ့ကို မွေးနေ့ရှင်က ခြောက်ကပ်ကပ်ရယ်ပေမယ့် မတားခဲ့ အင်းလေ သူလည်းဒီလောက်တော့နားလည်မှာပေါ့
စေ့ရုံလေးသာစေ့ထားတဲ့ အခန်းတံခါးကြောင့် အထဲကလူအိပ်ပျော်နေပြီလားဆိုတဲ့ စိတ်နဲ့ အခန်းတံခါးကိုအသာဖွင့်ကြည့်လိုက်တော့ မွေ့ယာထူအိအိပေါ်မှာ ခေါင်းအုံးကိုတဘုန်းဘုန်း ထုရိုက်ပြီး ပိုင်ဆိုင်ကြောင်းကြွားနေသူကြောင့် Jungkookသဘောတကျရယ်မိပြန်တယ် ကိုကိုကသိပ်ချစ်စရာကောင်းလွန်းနေတာမဟုတ်လား
" ကျွန်တော်ကို တကယ်ကိုကိုတစ်ယောက်ထဲကပဲ ပိုင်တာပါလို့"
လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ကျန်လက်တဖက်ကအထုပ်တထုပ်ကို ကိုင်ကာ အနားကိုဖြေးဖြေးမှန်မှန်နဲ့ ပြုံးလျက်လျှောက်လာသူကို ကြည့်ပြီး ထယ်ယောင်း နှာတချက်မှုတ်ကာ မျက်နှာလွှဲလိုက်တယ် အလကားအပိုတွေလုပ်နေတာ အာရှီးကောင်
" အဟက်!ခုက စိတ်ကောက်နေတာလား"
မွေ့ယာက အိကနဲဖြစ်သွားပြီး ခါးထက်ကို ရစ်ပတ်လာတဲ့ လက်ဖြူဖြူလေးတဖက် ဟွန့် ဖတ်တာတောင် အရင်လိုမဟုတ်ဘူး လက်တဖက်ထဲနဲ့ ဟိုဘက်လက်ကဘယ်အားမလဲ ဟိုတယောက်ပေးလိုက်တဲ့ အထုပ်ကို မချရက်လို့ဖြစ်မှာပေါ့
" ဘာကိုစိတ်ကောက်ရမှာလဲ...ဖယ်စမ်းပါ အဲ့လက်ကို အထုပ်ကိုပဲသေချာကိုင်ထား"
" စိတ်မကောက်ရင် ကျွန်တော်ကိုကြည့်အုံးလေ"
ခါးထက်မှာရှိနေတဲ့လက်ကပိုမိုတင်းကြပ်လာပြီး မေးဖျားကို ပခုံးစွန်းပေါ် တင်ကာပြောလာပုံက ချွဲချွဲနွဲ့နွဲ့ အလကားမူယာမာယာတွေ
" ကျွန်တော်ပြန်လာတာလည်း နောက်မကျသေးပါဘူးကွာ"
" မင်းကိုဘယ်သူက အတင်းပြန်လာခိုင်းနေလို့လဲ နောက်မကျဘူးပြောနေရအောင်"
မသိရင်လူကပဲ သူ့ကိုအပြန်နောက်ကျလို့စိတ်ကောက်နေသလိုလို မပြန်လာချင်နေပေါ့ ဘာဖြစ်တာမှတ်လို့
![](https://img.wattpad.com/cover/324045292-288-k706887.jpg)
VOCÊ ESTÁ LENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်