part(30)

1.2K 68 0
                                    

Ph screen ပေါ်တို့ထိနေတဲ့ လက်ချောင်းလေးတွေက နံပါတ်တစ်ခုကို နှိပ်ကြည့်ဖို့ရာ ချီတုံချတုံ ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကြောင့် ဖုန်းမျက်နှာပြင်လေးက လင်းသွားလိုက်မှောင်သွားလိုက် ဖုန်းမီးရောင်လေးလင်းသွားချိန်မှာပေါ်လာတဲ့ wallpaperမှာထားရှိတဲ့ ပုံလေးကသိပ်ကို ကျက်သရေရှိလွန်းစွာ

" Jeon ကသိပ်ကိုချောလွန်းတာပဲ ငါဖြင့်ပိုင်ချင်လိုက်တာ"

တိုးတိုးဖွဖွရွတ်လိုက်တဲ့ စကားသံနောက်မှာ ရှိုက်သံအနည်းငယ်ပါဝင်သွားတယ် ခုချိန်မှာ Jeonဟာ တရားဝင်ပိုင်ရှင်ရှိနေတာ သိရက်နဲ့တောင် သူ Jeonကို ပိုင်ဆိုင်ချင်နေတုန်း အများကြီးစွဲလန်း ခဲ့ရတာမဟုတ်လား နှစ်တွေအများကြီးကြာအောင်လေ

စိတ်ဆိုတာထိန်းချုပ်ဖို့ ခက်လွန်းတယ်လေ သူအခုချိန် Jeonအသံလေးကြားချင်တယ် မျက်နှာချောချောလေးကိုလည်းခနလောက်ဖြစ်ဖြစ်ကြည့်ချင်တယ် အိမ်ထောင်ကျပြီးတဲ့ Jeonဟာအရင်လို ဝေလေလေကောင်လေးဟုတ်မနေတော့ပဲ မိဘရဲ့လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေပြီ ထက်မြတ်ပြီးသားဖြစ်တာကြောင့် Jeonရဲ့ကောင်းသတင်းတွေကြားရတော့လည်း ဝမ်းသာမိသလို တဖက်လူအပေါ်လည်း မနာလိုဖြစ်မိတယ် ဒီနေ့တော့သူ Jeonကိုတွေ့ချင်တယ် ဒီနေ့လေးတစ်ရက်တော့...ဆုံးဖြတ်ထားတဲ့စိတ်နဲ့ သူဖုန်းခေါ်လိုက်တော့ Jeon ကချက်ချင်းဖုန်းကိုင်လာတယ်

" ဟဲ..ဟဲလို.."

" အင်း ကိုယ်ကြားတယ် ဟွန်းလေး ဘာပြောချင်လို့လဲ"

ထွက်ကျလာတဲ့ Jeonအသံချိုချိုလေးကြောင့် သူနှလုံးသားလေးတုန်ခါသွားသလို သွားတန်းလေးတွေပေါ်အောင်လည်းပြုံးမိသွားတယ်

" အင်း..ဒီနေ့မင်းအားလား"

အရဲစွန့်ပြီးမေးတဲ့ သူ့စကားကို Jeon ခနစဥ်းစားပြီးမှပြန်ဖြေလာတာ

" အင်း...မနက်ပိုင်းအရေးကြီးကိစ္စလေးရှိပေမယ့် ညနေတော့ အားပါတယ် ဘာကိစ္စများရှိလို့လဲ"

" ဒီနေ့ ငါ့မွေးနေ့လေ အဲ့ဒါ..."

" အဟက်! ကိုယ့်ကိုဖိတ်တာပေါ့လေ.. ထူးထူးခြားခြား.."

မျဥ်းပြိုင်(Completed) Where stories live. Discover now