ဂျောင်ကုအိပ်ယာနိုးလာတော့ ဘေးမှာကိုကိုရှိမနေတော့ မနေ့က အတော်ညည့်နက်သွားတာကြောင့် သူအိပ်ယာနိုးချိန်ဟာ နေ့လည်၁၁နာရီဖြစ်နေပြီ ကုတင်ပေါ်ကဆင်းပြီး အခန်းပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်တော့ ပွင့်ဟလာတဲ့အခန်းတံခါးနဲ့အတူ မြင်လိုက်ရတဲ့ အပြုံးချိုချိုလေး
" ကိုကို ဘယ်တွေသွား"
အခန်းထဲဝင်လာသူဆီတိုးကပ်သွားပြီး ခါးသေးသေးလေးကိုဆွဲဖက်လိုက်တော့ အလိုက်သင့်ရင်ခွင်ထဲဝင်လာတယ်
" ကိုယ် Jungkookအတွက် နေ့လည်စာပြင်ပေးထားတယ် ရေချိုးပြီးရင်ထွက်ခဲ့နော်"
" နမ်းချင်တယ်"
လည်တိုင်ထက်မျက်နှာအပ်ပြီးပြောလိုက်တော့ ရယ်သံသဲ့သဲ့လေးထွက်ကျလာတယ်
" ရေချိုးပြီးမှ"
" ကိုကို ကကျွန်တော်ကိုရွံလို့ အာ့!.."
စကားမဆုံးခင် မေးဖျားလေးကို အကိုက်ခံလိုက်ရတာကြောင့် ရင်ခွင်ထဲကသူလေးကို ငုံ့ကြည့်လိုက်တော့
" အဲ့တာပေါက်ကရတွေပြောလို့.. သွားရေချိုးတော့"
သူ့ခန္ဓာကိုယ်ကို ရေချိုးခန်းရှေ့တွန်းပို့ နေသူကြောင့် မရွေ့ချင်ရွေ့ချင် ရေချိုးခန်းထဲဝင်သွားရတယ် 'ရေအတူတူချိုးချင်တာကို´ ရေပန်းကိုဖွင့်ရင်းတစ်ယောက်ထဲ တီးတိုးရေရွတ်လိုက်တယ်
မနေ့ထဲက တောက်လျောက်ဝင်နေတဲ့ ph callတွေကြောင့် Taehyung ဖုန်းပြန်ခေါ်လိုက်တယ် အင်းလေ ဘာမှအကြောင်းမကြားပဲ ရုတ်တရက်ခရီးထွက်တယ်ဆိုတော့ သူမစိတ်ဆိုးနေလောက်မှာပေါ့
" ဟဲလို မီ"
" ကင်မ်...အများကြီးလွမ်းနေတာ"
" အာ! ကိုယ်တောင်းပန်ပါတယ် အလုပ်ကရုတ်တရက်အရေးတကြီး ကိစ္စပေါ်လာတော့.."
" မီနားလည်ပါတယ်..ကင်မ်လွမ်းနေတယ်ဆိုရင်ပဲရပြီ"
" အင်း..ကိုယ် သန်ဘက်ခါ ပြန်ရောက်မယ်နော်"
" လက်ထပ်ပြီးရင်တော့ ကင်မ်ဘယ်သွားသွား မီကတကောက်ကောက်လိုက်နေတော့မှာနော် ဟွန့်!"
ŞİMDİ OKUDUĞUN
မျဥ်းပြိုင်(Completed)
Hayran Kurguပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်