" သစ္စာဖောက်ကောင်!..အားးး"
လက်မောင်းကို အားပါပါနဲ့ထိုးပြီး ပြောလာတဲ့ ဂျီမင်ရဲ့စကားကြောင့် သူအလိုမကျသလိုကြည့်လိုက်ပြီး လက်မောင်းပေါ်ပိုင်ဆိုးပိုင်နင်း ကျူးကျော်လာတဲ့ လက်ကောက်ဝတ်သေးသေးလေးကို လိမ်ချိုးလိုက်တယ်
"အားးးနာတယ် လွှတ်စမ်း JK..ငါမင်းကို ဆွဲထိုးတော့မှာနော်"
ကျစ်!"စိတ်ရှုပ်နေတယ် ဂျီမင် ငါ့ကိုအာရုံလာမစားနဲ့"
အရက်ပုလင်းလိုက် ဟန်ပါပါမော့ချပြီးပြောလာသူကိုကြည့်ပြီး ဂျီမင်သက်ပြင်းချမိတယ် ဒါသူတခါမှ မမြင်ခဲ့ဖူးတဲ့ Jeon JKရဲ့ပုံစံဖြစ်နေတာကို
" ပြောစမ်းပါအုံး ငါ့ကောင်ကြီးရ ဘာတွေအာရုံနောက် ငါတို့ကိုတပတ်တိတိပြစ်ထားရတဲ့အကြောင်းလေး"
" ...."
" မင်း fatherကြီးက ကောလိုက်လို့လား"
" မဟုတ်ဘူး"
" ဒါဆို မင်းကဘာတွေ စိတ်ရှုပ်နေတာတုန်းဟ"
"မသိတော့ဘူးကွာ"
အပြာရောင်တောက်တောက်ဆိုးထားတဲ့ဆံပင်ပေါ်မှာ အဖျားနားတွေကိုပဲsilver color highlight ဖောက်ထားတဲ့ဆံပင်တွေကို တဝက်တိတိစုချည်ထားပုံကိုက ကြည့်ကောင်းနေပြန်တာ ဒီကောင်က စိတ်ရှုပ်နေတဲ့ အချိန်မှာတောင်မနာလိုချင်စရာကောင်းအောင် ကြည့်ကောင်းနေပြန်တာ
"ဒါနဲ့ မင်းရဲ့hair color ကဘယ်လိုဖြစ် အရင်အပတ်ကပဲ အနီရောင်ကိုကြိုက်လှပါချီရဲ့ဆို"
ကျစ်! " park Jimin မင်းအမေးမြန်းပဲ ထူနေတော့မယ်ဆို ဒီကနေလစ်လိုက်တော့"
" ok မမေးတော့ဘူး"
အရှေ့မှာရှိနေတဲ့ ဖန်ခွက်ထဲကို ဝီစကီထည့်နေတဲ့ ဂျီမင်ရဲ့လက်တွေက ထူးထူးဆန်းဆန်းစကားကြောင့် ရပ်တန့်သွားရတယ်
" ငါ့နှုတ်ခမ်းက အဲ့လောက်တန်ဖိုးမဲ့နေလား "
"ဟမ်"
" ဘယ်ကောင် ဘယ်ကောင်မကိုမှ မတွေ့ထိတဲ့ ငါ့နှုတ်ခမ်းကိုများ"
တောက်! "ဒီဘဲကွာ"
"မင်းဘာဖြစ်နေတာလဲ JK.."
"ကင်မ်ထယ်ယောင်းဆိုတဲ့ဘဲ..ငါ့ကိုနမ်းမိတာ မသိလို့ပါတဲ့ အဟက်!"
BẠN ĐANG ĐỌC
မျဥ်းပြိုင်(Completed)
Fanfictionပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်