part(25)

1.5K 75 3
                                    

ထိုးကိုက်လာတဲ့ ခေါင်းကို လက်နဲ့ဖိကိုင်ရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးကနေ လက်ထောက်ပြီးကြည့်နေတဲ့ Jungkookနဲ့မျက်လုံးချင်းဆုံတယ်

" ဘာလို့ လာကြည့်နေတာလဲ"

အိပ်ရာထစအချိန်ကို မမြင်စေလိုတာကြောင့် လက်နဲ့ကွယ်ပြီးပြောတော့ လက်ချောင်းတွေပေါ် ဖိကပ်နမ်းလာတယ်

" ကျေးဇူးတင်တယ်"

"ဟမ်!"

အံ့သြမှုကြောင့် ထယ်ယောင်း ကြည့်လိုက်တော့ ရွှန်းရွှန်းဝေတဲ့ အကြည့်တွေနဲ့ ထပ်မံဆုံတယ်

" ကျွန်တော်..ကိုကို့ကို ဆုံးရှုံးရပြီလို့ထင်ထားတာ"

" ကျွန်တော်ကို လျစ်လျူရှုလိုက်ပြီလို့ ထင်ထားတာ"

" ကျွန်တော်ကို..."

တစ်လုံးချင်းဆီ နစ်နစ်နဲနဲပြောလာတဲ့ စကားလုံးတွေကို ထယ်ယောင်း လက်ညှိုးလေးထိကပ်ပြီး တိတ်စေလိုက်တယ်

" ရှူး!..ခုချိန်မှာ ကိုယ်တို့အဲ့ကိစ္စကို မပြောပဲနေကြရအောင်လေ"

အဆက်မပြတ် ညိတ်လာတဲ့ ခေါင်းလေးကို ထယ်ယောင်း ဖိကပ်နမ်းလိုက်တော့ shampoo နံ့သင်းသင်းလေးက ရင်ကိုအေးသွားစေတယ်

" အဟက်! ချစ်ဖို့ကောင်းတယ်"

" ကိုကို..ညကအများကြီးသောက်ထားတော့ ခေါင်းကိုက်နေမယ် ကျွန်တော် အမူးပြေစွတ်ပြုတ်လေးလုပ်ထားပေးတယ်"

" အို! ကိုယ့်ချာတိတ်လေးက သိပ်လိမ္မာတာပဲ...ဒါပေမယ့် ကိုယ်စွတ်ပြုတ်မသောက်ချင်ပါဘူး"

" ဒါဆို..ကိုကို ဘာစားချင်လည်းပြောလေ..ကျွန်တော်လုပ်ပေးမယ်"

မျက်ဝန်းဝိုင်းလေးတွေအရောင်တလဲ့လဲ့တောက်ပနေပုံက သိပ်ကိုနှစ်လိုဖွယ်ရာ

" ချာတိတ်ရဲ့ မျက်ဝန်းလေးတွေက သိပ်လှတာ အဲ့ဒါကြောင့် မျက်ကပ်မှန်တွေမတပ်နဲ့နော်..ကိုယ်ဒီမျက်ဝန်းဝိုင်း​လေး တွေကိုပဲ အမြဲမြင် ချင်တာ"

ထယ်ယောင်းပြောလိုက်တဲ့ စကားကိုရှက်သွားလို့ထင်ပါရဲ့ ဂုတ်ပိုးလေးကို လက်နဲ့ပွတ်ပြီး ခေါင်းညိတ်ပြန်တာ အနည်းငယ်ရဲဆွေးသွားတဲ့ ပါးပြင်လေးက ဒီကောင်လေးရဲ့ဖြူဖွေးဖွေးအသားရည်လေးပေါ်မှာ လှလှပပဆေးခြယ်ပေးနေသလို ထယ်ယောင်းသဘောတကျရှိလာတာကြောင့် ထပ်မံစနောက်လိုက်တယ်

မျဥ်းပြိုင်(Completed) Donde viven las historias. Descúbrelo ahora