"ဟေ့..ချာတိတ် မင်းအခုဘယ်ကိုသွားနေတာလဲ"
"airportရောက်နေတာကို ဘယ်သွားမှာလည်းဆိုတော့ ခင်ဗျားအိမ်ကိုလေယာဉ်နဲ့ လိုက်ပို့ပေးဖို့ဟုတ်ပြီလား"
" စကားကို အပြောင်အပျက်ပြောမနေနဲ့ ကိုယ့်မှာအလုပ်ကိစ္စတွေရှိသေးတယ်"
"ဖျက်လိုက်"
"ဘာ!"
ထယ်ယောင်းရဲ့ခပ်စူးစူးအော်သံကြားမှ ထိုကောင်လေးကမျက်နှာချင်းဆိုင်ကြည့်လာတယ်
" ကိုကိုနဲ့ဒိတ်လုပ်ချင်လို့ ဖျက်လိုက်လို့ပြောတာလေကွာ"
မျက်ဝန်းဝိုင်းတွေနဲ့ဆုံမိချိန်မှာ ထယ်ယောင်းရဲ့စိတ်တွေဟာ တိမ်းညို့ချင်မိပြန်တယ် ဒါပေမယ့်မဖြစ်သေးဘူးလေ အလုပ်ကလည်းအရေးကြီးသေးသလို ဒီကောင်လေးနဲ့သူက ဘာဆိုင်တာမှတ်လို့ ခုလို airportထိ..
" ကိုယ်နဲ့ချာတိတ်က ဘာဆိုင်တာမှတ်လို့ ခုလို့airportထိ လာပြီး.."
"ဟာကွာ...ကိုကိုကတအားရှေးရိုးဆွဲတာပဲ သက်ဆိုင်မှုရှိမှ ဒိတ်ရမယ်လို့ ဘယ်သူကများအမိန့်ချထားလို့လဲပြောပါအုံး"
ထယ်ယောင်းရဲ့မျက်နှာပြင်ကို ပွတ်သပ်ပြီးပြောလာပုံက အသည်းယားစရာ ကားထဲမှာဖွင့်ထားတဲ့ aircon အရှိန်ကြောင့်လည်းပါမယ်ထင်တယ် လက်မွှေးလေးတွေပါ ထောင်ထသွားရတယ်
" ဘယ်သူမှအမိန့်ချထားတာမဟုတ်လဲ ကိုယ်လက်မခံနိုင်ဘူး"
ဟုတ်ပါတယ် ဘာကိစ္စလက်ခံပေးရမှာလဲ ဒီကောင်လေးလုပ်ချင်တိုင်းလုပ်နေတာကို လုံးဝလက်မခံနိုင်ပါဘူး
****
LA ကိုခြေချလိုက်ပြီဆိုတာနဲ့ပထမဆုံးထိတွေ့ခံစားရတာက မိုးရနံ့သင်းသင်းလေး အုံ့မှိုင်းစိုထိုင်းနေတဲ့ရာသီဥတုအခြေနေကြောင့် ကောင်းကင်မှာ တိမ်တွေကင်းစင်နေတာ airportနဲ့အနီးဆုံးမှာရှိတဲ့ hotel မှာပဲတည်းဖြစ်တဲ့သူတို့နှစ်ယောက်က တညတာအတွက်တော့ သီးသန့်အခန်းခွဲပြီး ပိုက်ဆံဖြုန်းစရာအကြောင်းမရှိတာမို့ နှစ်ယောက်ခန်းမှာပဲနေဖို့ ဆုံးဖြတ်လိုက်ကြတယ် မနက်ဖြန်ဆို koreaပြန်ရမှာပဲမဟုတ်လား" ရေမချိုးသေးဘူးလား ကိုကို"
မှန်ပြတင်းပေါက်ကနေ အပြင်ကိုငေးနေတဲ့သူ့ကို ရေချိုးခန်းထဲက ထွက်လာပြီး စကားပြောလာသူကြောင့် ခေါင်းအသာညိတ်ပြလိုက်တယ်
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်