4နာရီကိုညွှန်ပြနေတဲ့နာရီလက်တံကြောင့် ထယ်ယောင်းကုတင်ပေါ်မှာလူးလိမ့်နေရင်းနဲ့မှထပြီး စားပွဲပေါ်တင်ထားတဲ့phကိုယူလိုက်တယ် ဒါနဲ့ဆို Jungkookကို ဖုန်းဆက်တာ ခြောက်ကြိမ်ရှိပြီ ဤခြောက်ကြိမ်လုံးမှာလည်း တူညီတဲ့မေးခွန်းကိုပဲ ထပ်ခါတလဲလဲမေးနေမိတာ အခု ခုနှစ်ကြိမ်မြောက်
" ကျွန်တော် ခနနေရင်သွားတော့မှာကိုကို"
ခေါ်ဆိုလိုက်တာနဲ့ တဖက်ကတန်းကိုင်လိုက်တဲ့ ဖုန်းဖြေဆိုမှုက ထယ်ယောင်းရဲ့မေးခွန်းကိုအလွတ်ရနေဟန်
" ဘာမေးရသေးလို့ လာဖြေနေတာလဲ!"
မကျေမနပ်ပြောလိုက်တဲ့ သူ့စကားသံကို Jungkookကသဘောကျသွားပုံရတယ်ဖုန်းတဖက်ခြမ်းဆီကနေ ခပ်တိုးတိုးရယ်သံထွက်ပေါ်လာတယ်
" ကိုကို ကျွန်တော်ကို ဒီနေ့တနေ့လုံးအဲ့ဒိမေးခွန်းပဲမေးနေတာလေ "
" ဘာလဲ မင်းကငါ့အသံတောင်မကြားချင်တော့လို့ အဖြေကိုတန်းပေးနေတာလား"
" ဟောဗျာ..ကျွန်တော်ဖြင့် ကိုကို့အသံလေးကိုနားထောင်လို့တောင်မဝတာကို "
အီစီကလီပြောလာတဲ့ စကားသံကြောင့် ထယ်ယောင်းပြုံးမိလိုက်တယ် ဒီJeon Jungkookကြောင့် သူပါအီစီကလီတွေကို ကြိုက်တတ်နေပြီ အလကားအကျင့်ဆိုးတွေ
" ကိုကို"
တိုးညင်းစွာခေါ်လာတဲ့ခေါ်ဆိုမှုလေး
" ဘာလဲ"
" ကျွန်တော် မွေးနေ့ကိုမလာနိုင်တော့ဘူးလို့ပြောလိုက်ရမလား ဟမ်"
" မသိဘူး"
" ဒါဆို သွားလိုက်မယ်နော်"
" မင်းသဘောပဲ Jungkook ငါ့ကိုဘာလို့လာမေးနေတာလဲ မင်းဟာမင်းသွားချင်ရင်သွား မသွားချင်မသွားနဲ့ !"
" ဘာလို့ စိတ်ဆတ်နေရတာလဲကွာ..ကိုကို ကျွန်တော်ကို တစ်ခွန်းထဲပဲအမိန့်ပေးလိုက် မင်းအဲ့ဒိမွေးနေ့ကို မသွားရဘူး Jungkook ကိုယ်မကြိုက်ဘူး အဲ့လိုလေးပြောလိုက်တာနဲ့ ဟုတ်ကဲ့ကိုကို ဆိုပြီးနာခံမယ့်ကောင်ပါ အဲ့ဒါကြောင့် အလကားစိတ်မတို နေရဘူးလေ"
![](https://img.wattpad.com/cover/324045292-288-k706887.jpg)
YOU ARE READING
မျဥ်းပြိုင်(Completed)
Fanfictionပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်