part(24)

1.5K 87 3
                                    

Kim Taehyung ကပြင်းရှရှဝိုင်တစ်ခွက်လိုပဲ ယစ်မူးစေတယ် ပျော်ဝင်စေတယ် ဝီစကီတွေလိုမူးယစ်စေတာမဟုတ်ပဲ ဝိုင်တွေလို စွဲလန်းစေတာ
ဝိုင်ဆိုရင်တောင်အရောင်မပါတဲ့ ဝိုင်ဖြူလေး...

စားပွဲပေါ်ထိုင်ရက်လေးအတိုင်း ရင်ခွင်ထဲရောက်နေတာကြောင့် ဒီလူရဲ့မကျေမနပ်ရေရွတ်သံလေးတွေက သူ့နှလုံးသားနဲ့တိုက်ရိုက်ထိကပ်နေတာ နှာရည်တွေမျက်ရည်တွေပေပွနေတဲ့ အင်္ကျီကိုတော့ သေချာပေါက်သိမ်းထားဖြစ်တော့မည်ထင်တယ်

" ကိုယ်ကအရမ်းဆိုးလားဟင်"

ရင်ခွင်ထဲကမထွက်သေးပဲ မေးလာတာ

" အင်း..သတ်ပြစ်ချင်စရာကောင်းလောက်အောင်ဆိုးတယ်"

မျက်ရည်တွေခိုကပ်နေတဲ့ ထူထဲထဲမျက်တောင်ရှည်တွေကို ဖိနမ်းရင်းပြောလိုက်တယ်

"ဒါဆို..အခုဘာလို့မသတ်သေးတာလဲ"

လက်ချောင်းရှည်လေးတွေကို သူ့ရင်ဘတ်ပေါ်တင်ထားပြီး ခေါင်းမော့ပြီးမေးလာတာ

" ထောင်ကျမှာဆိုးလို့"

" အပိုတွေ..မသတ်ရက်တာမဟုတ်လား ကိုယ့်ကိုလေ"

" အဟွန့်! အထင်တွေကြီးနေပြန်ပြီ ကင်မ်ထယ်ယောင်းကတော့"

Jungkookခေါင်းမော့ပြီးသဘောတကျရယ်လိုက်တယ် ဒီလူကသိပ်ကိုယုံကြည်မှုလွန်ကဲနေတာပဲ

" ဟုတ်တယ်မှတ်လား..."

လည်တိုင်ထက်ကိုလက်နှစ်ဖက်နဲ့သိုင်းဖက်ပြီး မေးဖျားနားထိတိုးကပ်ပြီးမေးလာတာကြောင့် ထယ်ယောင်းရဲ့ခါးမှာရှိတဲ့ သူ့ရဲ့လက်တွေကပိုမိုတင်းကြပ်သွားတယ်

" ဟမ်..အချစ် ကကိုယ့်ကိုမသတ်ရက်တာမဟုတ်လား"

ပါးစပ်ဖွင့်ဟလိုက်တိုင်း ထွက်ကျလာတဲ့ လေနုနွေးနွေးက Jungkookရဲ့လည်တိုင်ထက်ကိုအတားဆီးမဲ့ရိုက်ခက်နေတာ ဒီလူ့ဆီက အချစ်ဆိုတဲ့ ခေါ်ဝေါ်မှုနဲ့တင် ဒေါသတွေအားလုံးကိုချေဖျက်နိုင်ပြီ ကင်မ်ထယ်ယောင်းကအဲ့ဒိလိုအစွမ်းရှိတာ

" ကျွန်တော်ကိုခုမြူဆွယ်နေတာလား"

" အွန်း...အချစ်ကကျရှုံးပေးမှာလား"

မျဥ်းပြိုင်(Completed) Onde histórias criam vida. Descubra agora