" ဒါတော့ ဒီဘဲလွန်တာပေါ့ ဘလိုင်းကြီးမင်းကို ကွိုင်ရှာတာ"
ညနေကဖြစ်ပျက်ခဲ့သမျှအကြောင်းစုံပြောပြတော့ Jiminက ဘီယာမော့သောက်ရင်းနဲ့ မကျေမနပ်မှတ်ချက်ပေးတယ်
" ကွိုင်ရှာတာမဟုတ်ဘူးJimin ဒီလူ လူပါးဝတာ
ငါသိပ်ချစ်မှန်းသိလို့ ဒီအချိုးတွေချိုးနေတာ တောက်!"" အေး..ဟုတ်တယ် တကယ်ဆိုသူကအကြီးပဲ မင်းကိုယ်တောင် အလိုလိုက်ပေးရအုံးမှာ.."
" ဒီတခါတော့ ငါလုံးဝအလျော့မပေးတော့ဘူး ဒီလူကအခုငါ့ကိုနှင်လွှတ်လိုက်တာ..ဘာတဲ့တွယ်ကပ်တတ်တဲ့ပုံစံမျိုးဆိုပဲ "
ဂျောင်ကုရဲ့စကားကို Jimin ကလက်မထောင်ပြရင်းထောက်ခံတယ်
" right! မှန်တယ်JK အခုမှပဲငါ့ကောင်ကြီး အရင်က Jeon JKပြန်ဖြစ်လာတော့တယ် အဲ့လောက်လူးပါးဝနေတာ လွှတ်သာထားလိုက်..နောက်မှ Jungkookရယ် Jungkookရယ်ဆိုပြီး အဲ့ဘဲကြီးဖြစ်နေမှာ မြင်ယောင်သေးတယ် ဟားးးး"
" ငါတော့အဲ့လိုဖြစ်လာမယ်မထင်ဘူး"
တိတ်ဆိတ်နေတဲ့ Yoongi ဆီမှခပ်လေးလေး ထွက်ကျလာတဲ့ စကားကြောင့်သူတို့နှစ်ယောက်စလုံးအလိုမကျသလိုကြည့်လိုက်တော့ ခေါင်းသာခါပြပြီး ဘီယာဆက်သောက်နေသူ
" ဒီကောင်မူးနေပြီထင်တယ် JK ဟားးး"
Jimin ရဲ့အပြောကြောင့် ဂျောင်ကုပါသဘောတကျလိုက်ရယ်မိတယ် တွေ့မယ်ကင်မ်ထယ်ယောင်း ဂျွန်ဂျောင်ကု ဘယ်လိုကောင်လဲဆိုတာ ခင်ဗျားသိစေရမယ် စိတ်ထဲကကြုံးဝါးနေပေမယ့် လက်ကတော့ အိမ်ကလူဆီစာတစ်စောင် ပို့ဖြစ်လိုက်တယ်
*********
' ကျွန်တော်မျက်နှာမမြင်ချင်ယုံနဲ့ hotelမှာမအိပ်နဲ့
ကျွန်တော်ဒီည Jiminအိမ်သွားအိပ်လိုက်မယ်..ကားထားခဲ့တာမလို့ အရမ်းနောက်မကျခင်သေချာပေါက်အိမ်ပြန်ပါ!'အမိန့်ကြီးတခွဲသားနဲ့ ပို့လာတယ်စာကိုကြည့်ပြီး ထယ်ယောင်းပြုံးမိလိုက်တယ် အမိန့်ဆန်တဲ့ ဒီစကားလုံးတွေကို ဘာကြောင့်များကျေနပ်နေမိပါလိမ့်
" ဟွန့်! သူ့ရုပ်ကိုမမြင်ချင်ဘူးဆိုတာကိုတော့သိသားပဲ"
ခုံပေါ်အထိုင်များသွားတာကြောင့်ထယ်ယောင်းအကြောဆန့်ပြီးမှ ပြန်ဖို့ပြင်တယ် သူတကယ်ညောင်းချိနေပြီ ဒီနေ့စိတ်ရောလူရောပင်ပန်းထားတာ ကားထားခဲ့တယ်ဆိုတာကြောင့် ထယ်ယောင်းအတွင်းရေးမှုးကို ခေါ်မနေတော့ပဲ ကိုယ့်ဟာကိုပြန်ဖို့သာပြင်မိလိုက်တယ် စိတ်မကြည်တော့ ဘယ်သူ့ကိုမှလည်းတွေ့ချင်မနေပါဘူး
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်