part(3)

1.9K 101 1
                                    


ကုတင်ပေါ် ခြေဆန့်ထိုင်ရင်း MacBookပေါ် ပြေးလွှားနေတဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေက ကုတင်ဘေးနားစားပွဲပေါ်ထားရှိတဲ့ ph မှ smsသံကြောင့် ဒီအချိန်ကြီးဘာအရေးကြီးကိစ္စများလည်းဆိုပြီး ယူကြည့်မိတော့

'ကိုကို ´

ဆိုပြီး ပို့လာတဲ့စာတိုလေးကြောင့် ထယ်ယောင်းမျက်ခုံးတွေ တွန့်ချိုးမိသွားတယ် စိတ်ရှုပ်စရာကောင်းအောင် ဒီအချိန်ကြီး ဘယ်သူများလာကြောင်နေပါလိမ့် ခေတ်ကာလသားသမီးတွေတကယ်မလွယ်ပါဘူး

ထယ်ယောင်းphကိုsilentလုပ်ပြီး ဘေးနားပြန်ချထားလိုက်တော့ ထပ်မံဝင်ရောက်လာပြန်တဲ့လင်းခနဲ လင်းခနဲဖြစ်သွားတဲ့  ph screenကိုစိတ်ရှုပ်သလို  လျစ်လျူရှုပြီး MacBook ပေါ်ကိုအာရုံပြန်စုစည်းထားလိုက်တယ်
အချိန်တခုကြာသွားမှ အလုပ်တွေလက်စသတ်ပြီး အနားယူဖို့ပြင်လိုက်တယ် ခုနစိတ်ရှုပ်လို့ မှောက်ထားမိတဲ့phကိုယူကြည့်မိတော့ ဆက်တိုက်ဆိုသလို ဝင်နေသေးတဲ့မရေမတွက်နိုင်တဲ့ smsတွေကြောင့် ထယ်ယောင်းအံ့သြမိသွားတာအမှန် ဒါမျိုးတွေအရင်ကကြုံဖူးနေလို့အစမ်းမဟုတ်ပေမယ့် ခုဟာက အချိန်၃နာရီကျော်ကြာတဲ့အထိ မရပ်မနားဝင်လာတာလေ
 
ကျစ်!

"ဘယ်သူကများ ဒီလောက်ဇွဲကြီးနေတာပါလိမ့်"

ထယ်ယောင်းခပ်တိုးတိုးရေရွတ်လိုက်ပြီးမှ ph power offပြီးအားသွင်းထားကာ ညောင်းညာနေပြီဖြစ်တဲ့ အကြောတွေဖြေလျော့ပြီးမှ မျက်ဝန်းတွေမှိတ်ပြီး အနားယူမိလိုက်တယ်

ဒေါက်..ဒေါက်!

"သားထယ်... မနိုးသေးဘူးလား"

အခန်းပြင်မှတံခါးခေါက်ပြီး ခေါ်နေတဲ့ မေမေအသံကြောင့် ထယ်ယောင်း မျက်လုံးအစုံကိုဖွင့်ပြီး စားပွဲပေါ်မှနာရီကိုကြည့်လိုက်တော့ 8နာရီကိုညွှန်ပြနေတဲ့နာရီလက်တံကြောင့် ကုတင်ပေါ်မှအမြန်ထလိုက်ရတယ်

"နိုးပြီ မေမေ"

အခန်းတံခါးဖွင့်ပြီးပြောလိုက်တဲ့သူ့ကို မေမေကပြုံးပြုံးလေးကြည့်ပြီးမှ

"ထူးထူးဆန်းဆန်း အိပ်ရာထနောက်ကျနေလို့ မေမေလာနိုးလိုက်တာ နေမကောင်းများဖြစ်နေတာလားလို့"

မျဥ်းပြိုင်(Completed) Where stories live. Discover now