မြူးကြွတဲ့ တေးသွားသံစဥ်တွေအတိုင်း ဟန်ချက်ညီစွာ လိုက်ပါစီးမြော နေမိတာ သူတို့နှစ်ဦးစလုံးကHarry Styles ရဲ့ big fanတွေလေ VIP Ticket ဝယ်ထားတဲ့ကောင်လေးရဲ့ ရည်ရွယ်ချက်က ကိုကိုနဲ့အတူ concert dateလေးလုပ်ချင်လို့ပါတဲ့ တရွေ့ရွေ့ကုန်ဆုံးလာတဲ့အချိန်တွေအတူ ဘီယာများစွာဝင်ထားတဲ့ အရှိန်ကြောင့် စိတ်တွေအရမ်းကိုလွတ်လပ်ပေါ့ပါးနေတာ..ဘေးမှာထိုင်နေသူကို ရီဝေဝေကြည့်လိုက်တော့ နှစ်လိုဖွယ်ပြုံးပြလာတယ် ထယ်ယောင်း လက်ထဲမှာရှိနေတဲ့ သောက်လက်စဘီယာခွက်ကို ထိုးပေးလိုက်တယ်
" ဒါသောက်.."
သူကမ်းပေးတဲ့ ဘီယာခွက်ကို ယူပြီး ဟန်ပါပါမော့သောက်လိုက်သူက ပေါင်ကို၂ချက်ဆင့် ပုတ်ပြလာတယ် ဆိုလိုတာက ဒီမှာလာထိုင်ပါဆိုတဲ့သဘော
ကျစ်လစ်နေတဲ့ ပေါင်ပေါ်တက်ထိုင်ပြီး ဘီယာနောက်တခွက်ထပ်ယူကာ ဂျောင်ကုနှုတ်ခမ်းနားကိုပို့ပေးလိုက်တော့ အလိုက်သင့်ဆိုသလို ကိုယ့်လက်တွေပေါ် အုပ်မိုးပြီး သောက်ပြန်တယ် စီးချက်ကျကျသွားနေတဲ့ သံစဥ်ကြားမှာ ထယ်ယောင်း ခေါင်းတွေမှီတည်ရာကတော့ ဂျောင်ကုရဲ့ပခုံးစွန်းတဖက်ဖြစ်ခဲ့တယ်" ကျွန်တော်တို့မတ်တပ်ရပ်ရအောင်"
နားသယ်စနားတိုးကပ်ပြီးပြောလာတဲ့ လေနုနွေးနွေးက အနက်ရောင် maskတပ်ထားတာတောင် ဘီယာသောက်ထားသူအတွက် အရိုင်းဆန်စေတယ်
"အရင်နမ်းပြီးမှ.."
လျှာထိုးဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားပြီး ခေါင်းစွပ်ပါတဲ့ကျားသစ်ကွက်အင်္ကျီဝတ်ဆင်ထားသူရဲ့ လည်တိုင်ကို သိုင်းဖက်ပြီး အရဲကိုးစွာပြောလိုက်တော့ မေးစေ့ကိုပင့်ကိုင်လာတယ် အထိတွေ့နဲ့အတူ တပြိုင်နက်ထဲ ငုံထွေးလာမှု ဒီကောင်လေးဟာလုပ်ဆောင်မှုတွေသိပ်မြန်ဆန်တာ ခါးသက်သက်ဘီယာအရသာတွေရောပြွန်းနေမှုကြားမှာ မွတ်သိပ်ပူလောင်လွန်းတဲ့အနမ်းတွေ လည်တိုင်ပေါ်ယှက်သွယ်ထားတဲ့ လက်တွေဟာပိုမိုတင်းကြပ်နေသလို ထိတွေ့ထားရာကလည်း အရှိန်ဟုန်ပြင်းစွာ ph flashlight တွေထိန်ထိန်လင်းလင်းနေတဲ့ကြားမှာ နှစ်ဦးသားဟာ အနမ်းရေယာဉ်ကြောမှာ မရုန်းသာမရွံ့သာ....ရှည်ကြာလာတဲ့ ခရီးနှင်မှုရဲ့ အဆုံးသတ်က ဂျောင်ကုရဲ့ အောက်နှုမ်းပါးလေး ထယ်ယောင်းဖိကိုက်လိုက်တာတောင် တစ်ချက်လေးအော်မြည်ချင်းမရှိသူဟာ တကယ်ပဲ ဘယ်လိုဟာလေးလဲ
KAMU SEDANG MEMBACA
မျဥ်းပြိုင်(Completed)
Fiksi Penggemarပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်