အထက်တန်းလွှာလူငယ်တွေစုဝေးကျင်းပနေတဲ့ 5 starsအဆင့်သတ်မှတ်ခံထားရတဲ့ CIV Hotelရဲ့ အပေါ်ဆုံးထပ်မှာတော့ သီချင်းသံတွေဆူညံလျက် အရောင်အသွေးစုံလှတဲ့ ယစ်မူးဖွယ်ရာအပြည့်နဲ့ လူငယ်တစုဟာ လောကစည်းစိမ်ကို ခံစားနေကြတယ်
"J တို့မွေးနေ့ကို လာပေးတာကျေးဇူးနော်"
အနက်ရောင်ဆံပင်ရှည်ရှည်လေးနဲ့ ခါးသေးသေးကိုပံ့ပိုးမှုအပြည့်ပေးတဲ့ အဖြူရောင်dressအရှည်အကြပ်လေးကိုဝတ်ထားတဲ့ မိန်းမလှလေးရဲ့စကားကိုအရောင်ဖြတ်ပြေးတဲ့အပြုံးနဲ့ကြည့်ပြီးမှ ဂျောင်ကု မနေ့ကလေးတင်မှ အနီရောင်တောက်တောက်ပြောင်းထားပြီး အကြေသားဖွထားလို့ မျက်ဝန်းနားထိကျနေတဲ့ ဆံပင်တွေကိုဟန်ပပ သပ်တင်လိုက်ပြီး မိန်းမလှလေး အနီးနားကိုတိုးကပ်လိုက်တယ် လှစ်ဟပြထားလို့ ဝင်းမွတ်နေတဲ့ပခုံးသားဖြူဖြူတွေကို ပွတ်သပ်လိုက်ပြီး
" ကျေးဇူးဆိုကိုယ့်ကို ဘာပြန်ပေးမှာလဲ"
ပန်ဆီရောင် နှုတ်ခမ်းဆိုးဆေးရွှဲရွှဲ တင်ထားတဲ့ နှုတ်ခမ်းပါးလျလျနားတိုးကပ်ပြီးပြောလိုက်တဲ့ လေသံကထိုမိန်းမလှလေးအတွက်တော့ အရာရာပုံအောပေးချင်လောက်ညှို့ချက်ပြင်းလွန်းနေတာ
" ဟွန့်! Jက ဘာများလိုချင်လို့လဲ"
"အဟက်!"
ချွဲနွဲ့နွဲ့ ထွက်ကျလာတဲ့စကားသံကို သဘောကျသလို ဟက်ခနဲရယ်လိုက်တော့ ပန်းဆီရောင် ဆိုးဆေးတင်ထားတဲ့ နှုတ်ခမ်းပါးလေးက စူပုတ်ပုတ်ဖြစ်သွားတယ်
" ကိုယ် ဘာလိုချင်လဲဆိုတာ ဝမ်သိပါတယ် "
"J..နော်"
သံရှည်စွဲပြီး ခေါ်သံလေးနဲ့အတူ ရင်ခွင်ထဲခိုဝင်လာတဲ့သူမက ဂျာကင်အပြာရောင်အောက်ကကြယ်သီး၃လုံးဖြုတ်ထားလို့ ပွင့်ဟနေတဲ့ သူ့ရင်ဘတ်တွေကိုလက်သွယ်သွယ်လေးတွေနဲ့ပွတ်သပ်လာတယ်
" အဟွန့်! ဝမ်လည်း ပေးချင်နေတာမဟုတ်လား"
ရင်ခွင်ထဲရောက်နေသူရဲ့ မျက်နှာကိုငုံ့ကြည့်ပြီးပြော ပန်းသွေးရောင်ပြေးနေတဲ့ မျက်နှာလေးနဲ့ခေါင်းညိမ့်ပြလာတယ် ရင်ဘတ်ပေါ်ဖြတ်ပြေးနေတဲ့ လက်သွယ်သွယ်တွေကို Jungkook ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ချင်းအနည်းငယ်ခွာလိုက်တော့ ဘာလို့လဲဆိုတဲ့ မျက်ဝန်းတွေနဲ့ကြည့်လာတယ်
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်